October 19, 2024

၆. ၂. ၂၀၂၄
Written by Nay Moe

KIA ခေါင်း​ဆောင် ချီးထုပ် ဂွမ်မော်၊ အမျိုးယုတ်ကချင်၊ နောက်လိုက်နွား PDF လို့ သုံးနှုန်းပြီး KIA နဲ့ PDF တွေ မြစ်ကြီးနားမြို့က ၁၀ ရက်အတွင်း အမြန်ထွက်ဖို့စာ ပျံ့နှံ့နေမှုနဲ့ ပတ်သက်ပြီး KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က စာထဲမှာဖော်ပြထားတဲ့ ဒူးလေးပြည်သူ့စစ်က ဦးရွှေမင်းကို စာထုတ်မေးမြန်းမှု ပြုခဲ့ပါတယ်။

“သတိပေးအကြောင်းအကြားခြင်း” ဆိုတဲ့ ခေါင်းစဥ်နဲ့မြစ်ကြီးနားမြို့မှာ ဖြန့်ဝေနေတဲ့ ပျံ့နှံနေတဲ့စာမှာ “KIA ခေါင်းဆောင် ချီးထုတ် ဂွန်မော် နှင့် နောက်လိုက်နွား PDF များ၊ ယောင်ဝါးအသင်းတော်ဆရာများ မြစ်ကြီးနားမြို့နယ်အတွင်းမှ အမြန်ဆုံး ထွက်ခွာသွားရန် သတိပေးလိုက်သည်။ ၁၅.၁.၂၀၂၄ ရက်နေ့တွင် ကျွန်ုပ်၏ နေအိမ်များအား မိန်းမလို၊ မိန်းမရ လာရောက် ပစ်ခတ်သွားသော အမျိုးယုတ် ကချင်များ၊ PDF အဖွဲ့ဝင်များနှင့် ယောင်ဝါး အသင်းတော် ဆရာအမည်ခံ ချီးထုတ်များ သိစေရန် မင်းတို့မိသားစု အသိုင်းအဝိုင်းတွေ ဘယ်မှာနေတယ်။ ဘာအလုပ်လုပ်တယ် ဆိုတာကအစ သိထားပြီးသားဖြစ်တယ်။ မင်းတို့မိသားစုဝင်တွေရဲ့ အသက်အန္တရာယ် လုံခြုံမှုကို အာမ မခံနိုင်ဘူး။ KIA PDF ချီးထုတ် အသင်းတော် အမည်ခံ လုပ်စားနေကြတဲ့ အသင်းတော်ဆရာများ (၁ဝ) ရက်အတွင်း မြစ်ကြီးနားမြို့နယ် အတွင်းမှ အမြန်ဆုံးထွက်ခွာခြင်း မပြုပါက အသက်ခန္ဓာအား တာဝန်မယူပါကြောင်းနှင့် ဒူးလေးပြည်သူ့စစ် အဖွဲ့ ခေါင်းဆောင် ဦးရွှေမင်းသည် ဂွန်မော်၏ မိသားစုဝင်များနှင့် ဦးဆောင်သော အခြောက်အဖွဲ့အား အမျိုးပြုတ် သုတ်သင်မည်ဖြစ်ကြောင်း အသိပေးလိုက်သည်” လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ဒီစာနဲ့ပတ်သက်ပြီး ဂွမ်မော်က သူသုံးတဲ့ Gunmaw Samlut အကောင့်မှာ “ဦးရွှေမင်းသို့” ဆိုတဲ့ခေါင်းစဥ်နဲ့လိပ်မူပြီး “မြစ်ကြီးနားတွင် ဖြန့်ဝေနေသော သတိပေးအကြောင်းကြားခြင်းစာသည် ဦးရွှေမင်းမှ ထုတ်ပြန်သောစာ ဟုတ် မဟုတ် သိလိုပါသည်။ မဟုတ်ပါက ဖေဖော်ဝါရီ ၈ နေ့ည နောက်ဆုံးထား၍ မဟုတ်မှန်ကြောင်း ထုတ်ပြန်စေလိုပါသည်။ ဖေဖော်ဝါရီ ၈ ရက်နေ့ညအထိ မထုတ်ပြန်ပါက ဤစာသည် ဦးရွှေမင်းထုတ်ပြန်သော စာဖြစ်သည်ဟု မှတ်ယူပါမည်” လိုဖော်ပြခဲ့တာတွေ့ရပါတယ်။

ဒီလိုစာထုတ်ခဲ့တာနဲ့ ပတ်သက်ပြီး “Shwe Minn”ဆိုတဲ့အကောင့်တစ်ခုက ဂွမ်မော့်ကို Messenger ကနေ “အစ်ကိုS.ဂွမ်မော်ခင်ဗျား ကျနော်တို့ညီအစ်ကိုတွေဟာနိုင်ငံရေးအမြင်မတူကြပေမဲ့ မျိုးချစ်တဲ့နိုင်ငံရေးနဲ့စစ်ရေးခေါင်းဆောင်တွေပါ။ သူရဲဘောကြောင်တဲ့ပုဂ္ဂိုလ်ရေးပုတ်ခတ်ရေးသားမှုနဲ့ဘာသာရေးကိုစော်ကားပြောဆိုရေးသားမှုမရှိအောင်အမြဲဆင်ခြင်ပါတယ်” လို့ ပို့လာတာကိုလည်း ဂွမ်မော်က Ss ရိုက်တင်ပေးထားတာ တွေ့ရသလို ဦးရွှေမင်းကလည်း သူဟာ အဲဒီစာကိုမဖြန့်ထားဘူးလို့ ဖြေရှင်းထားတာ တွေ့ရပါတယ်။

မှတ်ချက်။ သတ်ပုံများသည် မူရင်းအတိုင်းသာဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *