October 20, 2024

၆. ၁. ၂၀၂၄
Written by KL

မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ (ပ) ဝင်းတွင် ဖေဖော်ဝါရီ ၅ ရက် နံနက် ၅ နာရီခန့်က လူ ၃ ဦးသေဆုံးခဲ့သော မီးလောင်မှုနှင့်ပတ်သက်၍ ​ရွှေလင်းယုန်ဂိတ် တာဝန်ခံကို ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါမီးလောင်မှုမှာ ရန်ကုန်-မော်လမြိုင်-မုဒုံပြေးဆွဲသော ရွှေလင်းယုန်ကားဂိတ် လက်မှတ်အရောင်းဆိုင်မှ မီးစတင်လောင်ခဲ့ခြင်းဖြစ်ပြီး Safe Guard အပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟု စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုကြောင့် ညအိပ်စောင့်သူ ဂိတ်တာဝန်ခံ ကိုမျိုးသူရကျော် (၂၀နှစ်)၊ ကိုမျိုးမောင်မောင်(၂၀နှစ်)၊ ကိုဟန်ကြီး (၃၅နှစ်)တို့ မီးလောင်သေဆုံးခဲ့သည်။ ထို့အပြင် အလျားပေ ၂၀၊ အနံပေ ၄၀ ရှိ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း ၂ ထပ်အဆောက်အဦ အပေါ်ထပ် ၅ ခန်းနှင့် အတွင်းပစ္စည်းများ၊အလျား ၁၀ ပေ၊ အနံ ပေ ၄၀ ရှိ သွပ်မိုး၊ အုတ်ညှပ်ပျဉ်ခင်း ၂ ထပ်၊အဆောက်အဦ ၂ ခန်းနှင့်အတွင်းပစ္စည်းများလည်း မီးလောင်ကျွမ်းခဲ့ရာ ရွှေလင်းယုန်၊ ရာဇာမင်း၊ ရွှေယုန်လေး၊အောင်ကျော်ဇောအပါအဝင် အခြားကားဂိတ်များလည်း ပါဝင်သည်။

မီးလောင်မှုကြောင့် ဂိတ်တာဝန်ခံ ကိုမျိုးသူရကျော်ကို လူသေမှုပုဒ်မ ၃၀၄(က)၊ ပေါ့ဆမှုကြောင့် မီးလောင်မှု ပုဒ်မ ၂၈၅ ဖြင့် သက်ဆိုင်ရာရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *