October 20, 2024

၆. ၂. ၂၀၂၄
Written by Hey Mar

ရေမကူးတတ်တဲ့ အမျိုးသားတစ်ဦး မန္တလေး ၂၂ လမ်းမြစ်ဆိပ်ကနေ ဧရာဝတီမြစ်ထဲ ဆင်းသွားတယ်လို့ ယူဆရတာကြောင့် ဒေသခံလူမှုကူညီရေးအဖွဲ့တချို့အပြင် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ Myanmar Rescue Diver Team တို့က မနေ့က ဇန်နဝါရီ ၅ ရက်နေ့ ညပိုင်းကတည်းက ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ရေထဲဆင်းသွားတဲ့ အမျိုးသားက မန္တလေးဒေသခံဖြစ်ပြီး အသက် ၃၈ နှစ်အရွယ်လို့ သိရပါတယ်။ မြစ်ဆိပ်မှာ ဖိနပ်ချွတ်ထားခဲ့တာကိုသာ ရှာဖွေတွေ့ရှိပြီး အဲ့ဒီ့အမျိုးသားရေထဲ ဆင်းသွားတာကို မျက်မြင်တော့ မရှိကြောင်းလည်း သိရပါတယ်။

“မနေ့က ညနေ ၅ နာရီလောက်မှာ အခုပျောက်ဆုံးနေတဲ့ အမျိုးသားရဲ့ မိသားစုဝင်တွေက ကျွန်တော်တို့ကို ဆက်သွယ်လာပါတယ်။ ရေငုပ်ရှာဖွေပေးဖို့ပါ။ ကျွန်တော်တို့အဖွဲ့ မနေ့က ကြိုးစားရှာဖွေတော့ ကြုံရတဲ့ အခက်အခဲတွေကအများကြီးပဲ။ မြစ်ဆိပ်ကနေဆင်းလိုက်တာနဲ့ ရေဇောက်က ပေ ၅၀ လောက်နက်တဲ့ ချောက်ရှိနေတယ်။ ရေစီးလည်း အောက်မှာက သန်တယ်။ အေးလည်း တအားအေးနေတယ်။ သင်္ဘောကျောက်ဆူး ကြိုးတွေလည်း ရှိနေတာမို့ ဘယ်လို မှ မတတ်သာဘဲ ရှာဖွေမှုကို ရပ်ဆိုင်းလိုက်ရပါတယ်။ ဒီနေ့မနက်တော့ ရေစီးတစ်လျှောက် မိသားစုဝင်တွေပါဝင်ပြီး စက်လှေနဲ့ လိုက်ရှာနေတယ်။ ရေထဲဆင်းသွားတာလည်း မျက်မြင်တွေ့သူမရှိဘူး။ကမ်းစပ်မှာ ဖိနပ်ပဲ ရှိတယ်။ သေချာတော့ ပြောရခက်တာပေါ့”လို့ Myanmar Rescue Diver Team မှ တာဝန်ရှိသူက MT News ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *