October 19, 2024

၆. ၂. ၂၀၂၄
Written By Thandar

မကြာခင် ထုတ်လွှင့်ပြသမယ့် အချစ်ဇာတ်လမ်းပုံစံ “တစ်ခါက တက္ကသိုလ်မှာ” ဇာတ်လမ်းတွဲမှာ ကိုယ်က တစ်သက်မှာ တစ်ယောက်တည်းကိုပဲ ချစ်ပြီးတော့ အဲ့ဒီတစ်ယောက်ကိုပဲ တစ်သက်လုံးပိုင်ဆိုင်ချင်တဲ့သူ ခင်လေးနေရာက ပါဝင်ထားပါတယ်လို့ သရုပ်ဆောင် ဝင့်ယမုံနိုင်က ရင်ဖွင့်လာပါတယ်။

“ဒီကားမှာ ခင်လေးဆိုတဲ့ တက္ကသိုလ်ကျောင်းသားနေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကိုယ်က တစ်သက်မှာ တစ်ယောက်တည်းကိုပဲ ချစ်ပြီးတော့ အဲ့ဒီတစ်ယောက်ကိုပဲ တစ်သက်လုံးပိုင်ဆိုင်ချင်တဲ့သူလေးပေါ့။ ချစ်စရာကောင်းတဲ့ ကျောင်းသားဘဝကို အမှတ်ရစေမယ့် ဇာတ်ကားလေးဆိုလည်း မမှားပါဘူး”လို့ သရုပ်ဆောင်ဝင့်ယမုံနိုင်က ပြောပါတယ်။

ဒီဇာတ်လမ်းတွဲဟာ ဝတ္ထု နွမ်ဂျာသိုင်း၊ ဇာတ်ညွှန်း ဟိန်းဇော်ဦး၊ သက်ဇွန်နဲ့ ခင်မောင်ကျော်တို့က ရေးသားထားပြီး ဒါရိုက်တာ သိန်းဟန်(ဖီးနစ်)က ချစ်စရာကောင်းတဲ့ တက္ကသိုလ်ကျောင်းအချစ်ဇာတ်လမ်းကို ပုံဖော် ရိုက်ကူး ထားတာ ဖြစ်ပါတယ်။

သရုပ်ဆောင်တွေကတော့ စည်သူဝင်း၊ ဝင့်ယမုံနိုင်၊ ကောင်းဇံဟိန်း၊ သံစဥ်ဆည်းဆာ၊ တေဇာကျော်၊ ဟန်နလာ၊ ကျော်မိုးပိုင်၊ စိုးထွန်းဝင်း၊ ဟန်ထက်စံ၊ နေဝန်း စတဲ့သူတွေပါဝင်ထားကြပါတယ်။

“တစ်ခါတုန်းက တက္ကသိုလ်မှာ” ဇာတ်လမ်းတွဲအသစ်ကို လာမယ့် ဖေဖော်ဝါရီ ၇ ရက်ကနေ စတင်ပြီး အပတ်စဉ် တနင်္လာကနေ သောကြာနေ့အထိ ည ၈ နာရီ ၄၅ မိနစ်မှာ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *