October 19, 2024

၆. ၂. ၂၀၂၄
Written by Nyein Kyaw

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ပြေးဆွဲရန် စပိန်နိုင်ငံမှ ဝယ်ယူထားသည့် ရထားတွဲဆိုင်းများအနက် ပထမအသုတ်အဖြစ် ၆ တွဲပါသည့် တွဲဆိုင်းတစ်ဆိုင်း သီလဝါဆိပ်ကမ်းသို့ ဖေဖော်ဝါရီ ၄ ရက်တွင် ရောက်ရှိခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရှိရသည်။

“သီလဝါဆိပ်ကမ်းကို အရာရှိတွေသွားကြပြီ။ ဒီတွဲဆိုင်းတွေက မြို့ပတ်မှာပြေးဆွဲသွားမှာကိုတော့ သိတယ်။ စပိန်နိုင်ငံကနေ ဘယ်လိုမှာတယ်။ ဘယ်နှစ်တွဲမှာထားတယ်။ ဘယ်လောက် ထပ်ရောက်မယ်ဆိုတာကိုတော့ ဝန်ကြီး ဌာနပိုင်းနဲ့ ရုံးချုပ်ကကိုင်တာပါ” ဟု ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါ တွဲဆိုင်းအသစ်များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် ပြေးဆွဲအသုံးပြုရန်အတွက် စပိန်နိုင်ငံမှ ဝယ်ယူထားခြင်းဖြစ်သည်။

လက်ရှိတွင် ပထမအသုတ်အဖြစ် ရောက်ရှိလာသည့် ၆ တွဲပါ ရထားတွဲဆိုင်းတစ်ဆိုင်းအား သီလဝါဆိပ်ကမ်းတွင် ဆိပ်ကမ်းချလုပ်ငန်းများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်းကြီးဌာနမှ တာဝန်ရှိသူများနှင့် မီးရထားရုံးချုပ်မှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်နေပြီး မကြာမီ စမ်းသပ်ပြေးဆွဲမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ ရထားတွဲဆိုင်းများသည့် စပိန်နိုင်ငံအခြေစိုက် ရထားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော Construcciones y Auxiliar de Ferrocarriles (CAF) ၏ ခေတ်မီ DEMU ဒီဇယ်လျှပ်စစ်ရထားတွဲဆိုင်းများဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *