October 20, 2024

၆.၂. ၂၀၂၄
Written by Nay Moe

အိမ်စီး Crown ယာဥ်နဲ့ ကုန်တင်ယာဥ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာက ယာဥ်ငယ်ဆိုးဆိုးရွားရွားပျက်စီးသွားပြီး တစ်ဦးသေဆုံးမှု ဒီနေ့မနက်မှာဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဥ်က ဒီနေ့မနက် ၂ နာရီကျော်အချိန်မှာ ရန်ကုန် တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမ၊ သင်္ဃန်းကျွန်းကြီးကျေးရွာမှာ ယာဉ်တိုက်မှုဖြစ်ပွားတယ်လို့ မနက် ၂ နာရီ ၄၄ မိနစ်မှာ သတင်းရရှိတာကြောင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၁)စီးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရတာလို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပြီး အဆိုပါယာဉ်တိုက်မှုကြောင့် အမျိုးသား (၁)ဉီး(သေဆုံး) ခဲ့ရတာဖြစ်ပါတယ်။

” အိမ်စီး Crown နဲ့ ကုန်ကား မျက်နှာချင်းဆိုင်တိုက်တာပေါ့။ အရှိန်က တော်​တော်များပါတယ်။ Crown က တော်တော့်ကို ဆိုးဆိုးရွားရွားပျက်စီးသွားတာ။ ဘယ်သူမှားတာလဲတော့ မသိပါဘူး။ ရှောင်ကြရင်းမလွတ်တော့တဲ့ပုံစံတွေ့ရတာပေါ့။ ဖြစ်တာက အမှတ် (၃) လမ်းမကြီး အိုးအိမ်မှတ်တိုင်နားမှာ။ Crown ကားပေါ်က အမျိုးသားကတော့ ကားထဲညပ်နေလို့ အချိန်တော်တော်ကြာအောင် ထုတ်ယူခဲ့ရတာ” လို့ ပါဝင်ကူညီခဲ့သူတစ်ဦးက သူသိရသမျှ ပြောပါတယ်။

ယာဥ်တိုက်မှုဖြစ်စဥ်မှာ သေဆုံးတဲ့အမျိုးသားကိုထာဝရအလင်းတန်း သူနာတင်ယာဥ်နဲ့ ​မြောက်ဥက္ကလာပ​မြို့နယ်က မေဓာဝီဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – MFSD ၊ ထာဝရအလင်းတန်း

Leave a Reply

Your email address will not be published. Required fields are marked *