October 20, 2024

၆. ၂. ၂၀၂၄
Written by Zaw Moe

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ သရက်ကန်တောင်ကျေးရွာရှိ မဟာဒက္ခိဏရာမကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်နှင့် ကပ္ပိယတို့အား PDF များက ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကြောင့် ဆရာတော်ပျံလွန်တော်မူခဲ့ပြီး ကပ္ပိယ သေဆုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၅ ရက် နံနက် ၆ နာရီခွဲခန့်တွင် မလှိုင်မြို့နယ်၊ သရက်ကန်တောင်ကျေးရွာ၊ မဟာဒက္ခိဏရာမကျောင်းတိုက်၌ သီတင်းသုံးနေထိုင်လျက်ရှိသည့် ကျောင်းထိုင်ဆရာတော် ဦးဝိသူရ (၃၃) နှစ်၊ ဝါတော် (၁၄) ဝါနှင့် ကပ္ပိယဖြစ်သူ ဦးစန်းမောင်တို့အား PDF များက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူခဲ့ပြီး ကပ္ပိယမှာ သေဆုံးခဲ့ကြရခြင်းဖြစ်သည်။

ဆရာတော်နှင့် ကပ္ပိယဖြစ်သူတို့အား ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့သည့် PDF များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အမြန်ဆုံးဖမ်းဆီးရမိရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးတာဝန်ရှိသူများ၊ ဆရာဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်း ၁၁၂၄ ဦး၊ ကျောင်းသားကျောင်းသူများ စသည့် ပြည်သူ ၆၈၈၀ ကျော်မှာ “ဒလန်၊ သူလျှိ၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF၊ EAOs တို့၏ သတ်ဖြတ်မှုခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *