October 21, 2024

၅. ၂ .၂၀၂၄
Written by Hey Mar

အိမ်သာကျင်းအသစ်တူးရာမှ ကပ်လျှက်ကျင်းဟောင်း​က မြေနံရံပေါက်ကျတာကြောင့် ကျင်းအတွင်း အောက်စီဂျင် ပြတ်တောက်ပြီး တစ်ဦးသေဆုံးကာ နှစ်ဦးကို အသက်ရှင်လျှက်ကူညီ ကယ်ဆယ်နိုင်တဲ့ဖြစ်စဥ် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့မှာ ဒီနေ့ ဖေဖော်ဝါရီ ၅ ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထံကနေ သိရပါတယ်။

ဖြစ်စဥ်က ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ရေဝင်ရပ်ရှိ နေအိမ်တစ်အိမ်မှာ အမျိုးသား(၂)ဦး အိမ်သာကျင်းသစ်တူးဖော်နေစဉ် ကျင်းဟောင်းဘက်အောက်ခြေက မြေပေါက်ကျမှုဖြစ်ပွားခဲ့တာကြောင့် ကျင်းအပေါ်ကို ပြန်မတတ်နိုင်ဘဲ အောက်စီဂျင်ပြတ်တောက်နေတဲ့ အခြေအနေဖြစ်ပေါ်ခဲ့တာကို ကျင်းအပေါ်မှာရှိတဲ့ အမျိုးသား(၁)ဦးက ဆင်းပြီး ကူညီကယ်ဆယ်ရာမှာ ကယ်ဆယ်သူအမျိုးသားပါ နစ်နေတာကြောင့် ကူညီကယ်ဆယ်ရေးတပ်ဖွဲ့တွေဆီကို အကြောင်း ကြားအကူအညီတောင်းလို့ ညောင်ဦးမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက အထောက်အကူပြုယာဉ်(၁)စီး၊ လူမှုကူညီရေးယာဉ်(၁)စီးတို့နဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ထွက်ခွာဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်​မှာ အမျိုးသား(၂)ဦးကိုအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပေမဲ့ ကျန်အမျိုး(၁)ဦးက သေဆုံးသွားတာကြောင့် ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *