October 21, 2024

၅. ၂. ၂၀၂၄

Written by Pan Ei

မနေ့က ဖေဖော်ဝါရီ ၄ ရက် ည ၈ နာရီဝန်းကျင်မှာ ထိုင်းနိုင်ငံက ကာရွန်ရဲတပ်ဖွဲ့ဟာ မြန်မာနိုင်ငံသားတစ်ယောက်ကို ဖူးခတ်မြို့၊ ကာတာဟေးလ်အနီးမှာ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက အဲ့ဒီဒေသမှာဆက်တိုက်ဖြစ်ပွားနေတဲ့ မော်တော်ဆိုင်ကယ်ခိုးမှုတွေရဲ့ အဓိက သံသယရှိသူအဖြစ် ဖူးခတ်ပြည်နယ်တရားရုံး ဝရမ်းထုတ်ပြန်ခဲ့တဲ့ တရားခံပြေးစာရင်း ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။

ဖမ်းဆီးခံရသူကို ညီညီထွေးလို့အမည်ဖော်ပြထားပြီး တရားခံဟာ ဖူးခတ်ကို ဘတ်စ်ကားနဲ့ ရောက်ရှိလာကာ သေ့ာတန်းလန်းနဲ့ ဆိုင်ကယ်တွေကို လှည့်ပတ်ရှာဖွေနေခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ဝန်ခံခဲ့ပါတယ်။ အဲ့ဒီနောက် တရားခံဟာ ဆိုင်ကယ်တွေကို သူပိုင်ဆိုင်သလို ဟန်ဆောင်ကာ မောင်းယူပြေးခဲ့တာဖြစ်တယ်လို့လည်း ထွက်ဆိုခဲ့ပါတယ်။

ညီညီထွေး ခိုးယူမှုတွေထဲက တစ်ခုကို CCTV မှာ ရိုက်ယူထားနိုင်ခဲ့လို့ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပြီး ညီညီထွေးဟာ အခင်းဖြစ်ပွားရာနေရာကို ပြန်လာခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းရတာကြောင့် သူ့ကို ညအချိန်မှာ ခြေရာခံ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ညီညီထွေးဟာ နယ်မြေအတွင်း တခြားမော်တော်ဆိုင်ကယ် ခိုးယူမှုတွေမှာလည်း ဆက်နွှယ်နေတယ်လို့ ရဲတပ်ဖွဲ့က သံသယရှိနေတယ်လို့လည်း သိရပါတယ်။

Ref, Phuket News

Leave a Reply

Your email address will not be published. Required fields are marked *