October 21, 2024

၅. ၂. ၂၀၂၄
Written by Pan Ei

ထိုင်းနိုင်ငံ၊ ဖူးခတ်မြို့ Cherng Talay ခရိုင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦးဟာ ဖေဖော်ဝါရီ ၃ ရက်က ဘိလပ်မြေနံရံပြားတွေ သူ့အပေါ် ပြုတ်ကျမှုကြောင့် ပိမိတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ ထိုင်းအခြေစိုက်သတင်းတွေမှာ ဒီနေ့ဖော်ပြခဲ့ပါတယ်။

ဘိလပ်မြေပြားတွေ ပိမိတာကြောင့် သေဆုံးသွားသူဟာ အသက် ၂၅ နှစ်အရွယ် မအေးမြတ်သူဆိုသူဖြစ်ပြီး သူမဟာ အဲ့ဒီနေ့က နေမကောင်းဖြစ်ပြီး ခေါင်းမူးနေတာကြောင့် အိမ်ပြန်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် လုပ်ငန်းခွင်တာဝန်ရှိသူတွေက သူမကို ပြန်ခွင့်ပြုခဲ့ပြီး သူမပြန်ဖို့ လက်သွားဆေးနေချိန် သူမဟာ သူမပေါ်ပြုတ်ကျခဲ့တဲ့ အပြားတွေအပေါ် လက်တင်ထားခဲ့တယ်လို့ ယူဆရကာ အဲ့ဒီနောက် ၁၀၀ ကီလိုဂရမ်လောက်အလေးချိန်ရှိတဲ့ ဘိလပ်မြေနံရံပြား ၄ ပြားလောက်က သူမအပေါ် ပိကျခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်ပွားပြီးနောက် သူမကို ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပေမဲ့ သူမဟာ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

မအေးမြတ်သူဟာ Khayankarnkianti ကုမ္ပဏီရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်က ဝန်ထမ်းတစ်ဦးဖြစ်ပြီး အဆိုပါအမှုကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

Ref, Phuket News

Leave a Reply

Your email address will not be published. Required fields are marked *