October 21, 2024

၅. ၂. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်အတွင်း ဟန်ဒုန်ခရိုင်၌ ဖေဖော်ဝါရီ ၄ ရက် နံနက် ၇ နာရီခွဲခန့်တွင် ဘန်ဝင်းခရိုင်ခွဲ၊ဘန်ချန်ကမ်လွန်ရွာရှိ အပန်းဖြေအနားယူရာ အဆောက်အအုံတစ်ခု၌ ဧည့်သည်များရှိနေချိန်တွင် နှစ်ထပ်အဆောက်အအုံ၏ အပေါ်ထပ်ဝရန်တာ ပြိုကျခဲ့၍ လူ ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်း ဟန်ဒုန်ခရိုင်အုပ်ချုပ်ရေးမှူး ချလစ် တစ်ခမ်းက ပြောခဲ့သည်။

နှစ်ထပ်အပန်းဖြေအဆောက်အအုံ၏ အပေါ်ထပ်ဝရန်တာတွင် စုစုပေါင်း အနားယူသူ ၄၀ ခန့် ရောက်ရှိလာကြရာမှ ဝရန်တာမှာလည်း စုစုပေါင်းလူများ၏ အလေးချိန်ကိုမခံနိုင်တော့ဘဲ မြေပြင်သို့ပြိုကျခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဒဏ်ရာရသူများကလည်း ချင်းမိုင်ပြည်နယ်အတွင်း ဆန်ခမ်ပန် ခရိုင်ရှိ ဘန်တုံပေါင် ခရိုင်ခွဲဆေးရုံမှ အပျော်တန်းကျန်းမာရေးအလုပ်သမားများဖြစ်ကြောင်း သိရသည်။ ၎င်းတို့က စုစုပေါင်း ၄၅ ဦးရှိကာ အားလုံးမှာ အမျိုးသမီးများသာဖြစ်ကြကြောင်း၊ ဘန်တုံပေါင်ခရိုင်ခွဲဆေးရုံမှဖြစ်ကြကာ ထိုအပန်းဖြေအဆောက်အအုံသို့ စုပေါင်းအနားယူရန်လာခဲ့ကြခြင်းဖြစ်ကာ အဆောက်အအုံအတွင်း အစည်းအဝေးတစ်ခုတက်ရောက်ပြီးနောက် အများစုက ဓာတ်ပုံရိုက်ကြရန် ဝရန်တာသို့ထွက်လာကြစဉ် ထိုသို့ဖြစ်ရခြင်းဟုလည်း ချလစ် ကပြောခဲ့သည်။

ဝရန်တာက ရုတ်တရက်ဆိုသလိုပင် ပြိုကျခဲ့ရခြင်းဖြစ်ကာ ဒဏ်ရာရရှိသူများအနက် နှစ်ဦးမှာ ဒဏ်ရာ ပြင်းထန်ပြီး တစ်ဦးက ညာဘက်ခြေထောက်ကျိုးကာ နောက်တစ်ဦးက ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာရခဲ့သည်။ ဒဏ်ရာပြင်းထန်သော ၎င်းတို့နှစ်ဦးကို ကလိုင်မော ဆေးရုံသို့ တင်ပို့ပေးခဲ့သည်။အခြားဆယ်ဦးမှာမူ အသေးအဖွားဒဏ်ရာလေးများသာ ရခဲ့ကာ ဟန်ဒုန်ဆေးရုံ၌ ကုသမှုခံယူကာ ဆေးရုံမှဆင်းသွားခဲ့ကြပြီဖြစ်ကြောင်းသိရသည်။

ဟန်ဒုန်ခရိုင်အုပ်ချုပ်ရေးမှူးချလစ်က အဆိုပါအပန်းဖြေအဆောက်အအုံမှာ ဥပဒေနှင့်အညီ အသေးစိတ် စီမံချက်ကို အတည်ပြုချက်ပေးကာ တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ သို့သော် ဝရန်တာမှာမူ ခွင့်ပြုချက်မရယူဘဲ နောက်ပိုင်းတွင်မှ ပေါင်းထည့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

Ref -Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *