၅. ၂. ၂၀၂၄
Written by Thettant
၂၀၂၃ စက်တင်ဘာ ၂၁ ရက်မှာ တိုရွန်တိုအသင်းကို ၄ ဂိုး ဂိုမရှိနဲ့နိုင်ပြီးကတည်းက ၁၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တဲ့ အင်တာမိုင်ယာမီဟာ Goat ကြီး မက်ဆီပါမလာနိုင်ခဲ့တဲ့ ဟောင်ကောင်အောစတားအသင်း Honkong Xi နဲ့ ရင်ဆိုင်အတွေ့မှာ ၄ ဂိုးသွင်းပြီး နိုင်ပွဲပျောက်မှုကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ အယ်လ်နက်ဆာကို ၆ ဂိုးပြတ် အရှက်ရဖွယ်ရှုံးတဲ့ပွဲအပါအဝင် ရာသီကြိုခြေစမ်းပွဲ ငါးပွဲကန်ရာမှာ ဟောင်ကောင်အောစတားအသင်းကိုပဲ နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ပွဲမှာလည်း ဘာစီလိုနာရဲ့ ဂန္တဝင်တစ်သိုက်ဟာ အရန်ခုံမှာပဲ ထိုင်နေချိန်ကြမှ နိုင်ပွဲပြန်ရတာ ထူးခြားတဲ့တိုက်ဆိုင်မှုလို့ပြောရမလား မသိပေမဲ့ အင်တာမိုင်ယာမီရဲ့ သွင်းဂိုးတွေကိုသွင်းပေးတာကလည်း လူစားဝင်တဲ့ ဂျော်ဒီအယ်လ်ဘာတို့၊ ဘူးစ်ကတ်တို့မဟုတ်ခဲ့သလို ဆွာရက်ဇ်နဲ့ မက်ဆီလည်းမဟုတ်ခဲ့ပါဘူး။
အင်တာမိုင်ယာမီဟာ ဒီနေ့ပွဲမှာ ဘာစီလိုနာဂန္တဝင်အားလုံးကို အရန်ခုံထိုင်ခိုင်းပြီး ၄ – ၃ – ၃ နဲ့ ပွဲထွက်လာခဲ့သလို ဟောင်ကောင်အောစတားအသင်းက ၄-၂-၃-၁ နဲ့ ပွဲထွက်လာခဲ့ပြီး ပွဲချိန် မိနစ် ၄၀ မှာ တေလာက အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် ၄၃ မိနစ်မှာ အန်နီယာကချေပဂိုးသွင်းသွားလို့ ပထမပိုင်းမှာ တစ်ဖက်တစ်ဂိုးစီဖြစ်နေလို့ သရေကျ နိုင်ပွဲမရ ဖြစ်တော့မလားစိတ်ပူကြပေမဲ့လည်း ဒုတိယပိုင်း မိနစ် ၅၀ မှာ ဆန်းဒါးလန်း၊ ၅၆ မိနစ်မှာ ကမ်ပနာတို့က အနိုင်ဂိုးတွေဆက်တိုက်သွင်းချိန် ၆၂ မိနစ်မှာ ဂျော်ဒီအယ်လ်ဘာနဲ့ ဘူးစ်ကတ်တို့ကို ဆက်တိုက်လူစားလဲပြီး အနိုင်ဂိုးကိုထိန်းဆော့ရင်း ၈၅ မိနစ်မှာ ဆေးလာက ပွဲသိမ်းအနိုင်ဂိုး သွင်းယူလိုက်တာကြောင့် အင်တာမိုင်ယာမီဟာ ၁၂ ပွဲဆက် နိုင်ပွဲပျောက်မှုကို မက်ဆီမပါ၊ ဘာစီလိုနာဂန္တဝင်တစ်သိုက်ကို အရန်ခုံထားကာမှ အနိုင်ပြန်ရခဲ့သလို မက်ဆီကိုလေ့ကျင့်ရေးကွင်းမှာကြတော့ ထည့်ကစားပြီး ပွဲချိန်ပြည့်တဲ့အထိ ကစားခွင့်မပေးလို့ မက်ဆီရောဂါထနေတဲ့ဟောင်ကောင်သားတွေက အင်တာမိုင်ယာမီကို Boo မှုတ်ပြီး ဝိုင်းဝန်းပြစ်တင်ဆဲဆိုကြတာလည်း တွေ့ရပါတယ်လို့ပဲ…..။
Photo – SCMP & Entertainment Daily Sports