October 18, 2024

၄ .၂ .၂၀၂၄
Written by MMAK

◾ ဘုန်းမောက် Vs နော်တင်ဟန် ဖောရက်

ဇန်နဝါရီလမတိုင်ခင်အချိန်ကာလတစ်ခုမှာ ဘုန်းမောက်အသင်းရဲ့တိုက်စစ်က တော်တော်လေး ကောင်းခဲ့သလို ခြေစွမ်းကောင်း ပြသထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်နောက်ဆုံး သုံးပွဲမှာ တစ်မှတ်သာရခဲ့ပေမဲ့ သူတို့ရှုံးခဲ့တာ စပါးနဲ့ လီဗာပူးတို့လို့ အသင်းကြီးတွေ ဖြစ်ပါတယ်။ FA ဖလား နှစ်ပွဲကစားခဲ့ရာမှာ သွင်းဂိုး ရှစ်ဂိုးထိ သွင်းယူထားနိုင်ခဲ့လို့ ဘုန်းမောက်ရဲ့ တိုက်စစ်ကောင်းတာ သိသာပါတယ်။ ဇန်နဝါရီ လူဝယ်ကာလမှာ ဂီတာဖေးရဲ့ အရည်အသွေးမြင့် တိုက်စစ်ကစားသမား ယူနယ်ကို ထပ်မံအားဖြည့်ထားတာတွေ့ရသလို ပရီးမီးယားလိဂ် သုံးပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ ဘုန်းမောက်အသင်း အိမ်ကွင်းမှာ နိုင်ပွဲပြန်ရှာရတော့မှာ ဖြစ်ပါတယ်။ တစ်ဖက်က နော်တင်ဟန်ဖောရက်အသင်း ကစားပုံမဆိုးလှပေမဲ့ အဝေးကွင်း ညံ့တဲ့အချက်ကြောင့် ဘုန်းမောက်ကွင်းမှာ သရေကျဖို့တောင် မလွယ်ကူပါဘူး။ အဆင့်သိပ်မကွာတဲ့ နော်တင်ဟန်ဖောရက်အသင်းကို တစ်လုံး ငါးဆယ်စား ပေးထားတဲ့ အိမ်ရှင်ဘုန်းမောက် အနိမ့်ဆုံး တစ်ဂိုးအသာနဲ့ အနိုင်ရသွားပါလိမ့်မယ်။

◾ ချဲလ်ဆီး Vs ဝုဗ်

တစ်ပွဲနိုင်လိုက် နှစ်ပွဲလောက် ရှုံးလိုက်နဲ့ စိတ်ပျက်စရာခြေစွမ်းနဲ့ ချဲဆီးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဘာမျှော်လင့်ချက်မှ မရှိသလို ကရာ​ဘောင်ဖလားပွဲ ဗိုလ်လုပွဲတက်ထားပေမဲ့ လီဗာပူးနဲ့ ကန်ရမှာ ဖြစ်လို့ ဖလားရဖို့ မျှော်လင့်ချက် အတော်လေးနည်းပါတယ်။ ချဲ လ်ဆီးအသင်းကို အထင်ကြီးတာ ဘွတ်ကီတွေပဲရှိပြီး ဝုဗ်လို တစ်ဆင့်ပဲကွာတဲ့ သူ့အောက်ကပ်ရပ်က အသင်းကို တစ်လုံးသရေ ပေးထားပါတယ်။ ချဲလ်ဆီးတိုက်စစ်က ကိုးလ်ပါးမား ခြေစွမ်းမပြရင် တစ်ဂိုးရဖို့ တိုင်ပတ်နေတတ်တဲ့အသင်းဖြစ်နေချိန် ဝုဗ်တစ်သင်းလုံးရဲ့ ကစားပုံက အဆင့်အတန်းတစ်ခုမှာ ရှိတယ်ဆိုတာ သက်သေပြထားနိုင်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ နောက်သုံးပွဲလောက်ပဲ နည်းပြကို အခွင့်အရေးပေးတော့မယ် ထင်ပါတယ်။ နည်းပြ အပြောင်းအလဲဖြစ်လာနိင်တဲ့ ချဲလ်ဆီးအသင်း ဒီပွဲမှာ နိုင်ခဲ့ရင်လည်း ဂိုးမပြတ်ပါဘူး။ သရေကျသွားခဲ့ရင်လည်း အံ့သြစရာမရှိတာမို့ ဝုဗ်အသင်းကို ရွေးချယ်ထားရမှာ ဖြစ်ပါတယ်။

◾ မန်ယူ Vs ဝက်စ်ဟမ်း

ခြေစွမ်းကောင်းနေတဲ့ ဝက်စ်ဟမ်းအသင်း တိုက်စစ်မှူး အန်တိုနီယို ဒဏ်ရာရသွားချိန်မှာ ဘိုဝင်နဲ့ အစားထိုးနိုင်ခဲ့ပေမဲ့ ဇန်နဝါရီလမှာ ကစားခဲ့တဲ့ ငါးပွဲလုံး နိုင်ပွဲမရခဲ့ဘဲ ချန်ပီယံရှစ်ကလပ်အသင်းကိုတောင် အရှုံးပေးခဲ့ရပါတယ်။ ဒီပွဲမှာ အဓိက ကွင်းလယ် တိုက်စစ်ကစားသမား ပါကွယ်တာ မပါနိုင်ပေမဲ့ အငှားခေါ်ထားတဲ့ ကွင်းလယ်အဖျက်ကစားသမား ကီးဗင်ဖီးလစ် ပါဝင်လာနိုင်ပါတယ်။ တစ်ဖက်က မန်ယူအသင်းအနေနဲ့ ကစားပုံ ပြန်ကောင်းလာပြီး တက်ရိပ်ပြနေတဲ့ ခြေစွမ်းမျိုး တွေ့ရသလို နောက်ဆုံး သုံးပွဲဆက် ဂိုးပေါ် ကစားထားတာ တွေ့ရပါတယ်။ ဝုဗ်အသင်းကို မထင်မှတ်တဲ့ ပေါက်ကြေးနဲ့ အနိုင်ကန်ခဲ့တဲ့ မန်ယူအသင်းကို ထိုးသားအများစု အာရုံစိုက်လာနိုင်တဲ့ ဒီပွဲမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်သွားမယ် မထင်ပါဘူး။ မန်ယူနိုင်ခဲ့ရင်လည်း ကပ်နိုင်မယ်။ ဝက်စ်ဟမ်းအသင်း ဂိုးစရခဲ့ရင်လည်း ပိတ်ကန်မယ်။ ဂိုးပေါင်းကြေး သုံးလုံး နှစ်ဆယ်စား ပေါက်ကြေးမှာ အလွန်ဆုံးရောက်ရင် သုံးဂိုးလောက်သာ ဖြစ်နိုင်လို့ ပြားနှစ်ဆယ်ရင်းပြီး ဂိုးအောက် နေစေချင်ပါတယ်။

◾ အာဆင်နယ် Vs လီဗာပူး

Super Sunday ညရဲ့ Big Match ပွဲစဉ်ဖြစ်သလို
ပရီးမီးယားလိဂ် ဖလားရဖို့အတွက် ပြိုင်ဆိုင်နေကြတဲ့ အသင်းကြီးနှစ်သင်း အားပြိုင်မှုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ FA ဖလားပွဲတွေ့ဆုံမှုမှာ အာဆင်နယ်အသင်းက ပိုကောင်းခဲ့တာ ဖြစ်ပေမဲ့ အနိုင်ရသွားခဲ့တာက လီဗာပူးအသင်း ဖြစ်ပါတယ်။ လီဗာပူးအသင်း ဆာလား မပါဝင်နိုင်ချိန်မှာ တိုက်စစ်က ဂိုးပိုမြူးနေတာ တွေ့ရပြီး နောက်ဆုံးနှစ်ပွဲမှာ ကိုးဂိုးအထိ သွင်းထားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူး အနိုင်ရသွားမယ်ဆို အာဆင်နယ်အသင်း ချန်ပီယံလမ်းကြောင်းကနေ သွေဖယ်သွားနိုင်ပါတယ်။ အာဆင်နယ်အသင်း လက်ကျန်ပွဲစဉ်တွေက အသင်းကြီးတွေ ခြေစွမ်းကောင်းနေတဲ့ အလယ်အလတ်အသင်းအများစုနဲ့ ကန်ရမှာဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်အာဆင်နယ် အနိုင်ရဖို့ ဦးတည်ကစားလာမှာ ဖြစ်သလို လီဗာပူးကလည်း ပိတ်ကစားတတ်တဲ့ အသင်းမျိုး မဟုတ်တဲ့အတွက် ဒီပွဲမှာ အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့ ရှိပါတယ်။ တစ်ဖက်တစ်ဂိုးစီ သေချာနေသလို အနိမ့်ဆုံး သုံးဂိုးလောက် မြင်တွေ့ ရနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်းရွေးချယ်ပေးချင်ပါတယ်။

◾ ရီးရဲမက်ဒရစ် Vs အသလက်တီကို

လာလီဂါမှာ ချန်ပီယံဖြစ်ဖို့ ရီးရဲအသင်းက အခြေအနေ အကောင်းဆုံး အနေအထားမှာ ရှိပါတယ်။ ရီးရဲရဲ့ လူငယ်ကစားသမား အစုအဖွဲ့က အကောင်းဆုံး ခြေစွမ်းပြနေသလို ဆီမြွန်နီရဲ့ အသလက်တီကို အသင်းကလည်း ရီးရဲနဲ့ ဘာစီလိုနာအသင်းကို ကောင်းကောင်း ဒုက္ခပေးတတ်တဲ့ အသင်းမျိုးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဖလားပွဲ ထိပ်တိုက်တွေ့ဆုံမှု နှစ်ပွဲမှာ၊ Super cup ပွဲစဉ်မှာ သုံးဂိုးစီ သရေကျခဲ့ပြီး ကိုပါဒယ်ရေးပွဲစဉ်မှာ အသလက်တီကိုအသင်းက လေးဂိုး နှစ်ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ အဓိက ပြောချင်တာက ထိပ်တိုက်တွေ့ဆုံမှု နှစ်ပွဲလုံး ခြောက်ဂိုးအထိ ရောက်ခဲ့သလို အခုအမှတ်ပေး ပွဲစဉ်မှာ ဂိုးပေါင်းကြေး သုံးလုံး သုံးဆယ်စားဖြစ်ပြီး ဘော်ဒီကြေး တစ်လုံး ငါးဆယ်စားဖြစ်ပါတယ်။ အခုပွဲစဉ်က ဖလားပွဲ မဟုတ်ဘဲ အမှတ်ပေးပွဲဖြစ်လို့ ဖလားပွဲတွေကလို ဂိုးတွေ အပြိုင်အ ဆိုင်သွင်းပြီး ဂိုးပေါ် သွားလိမ့်လို့ ယူဆထားရင် ရိုးရှင်း လွယ်ကူနေသလို ဖြစ်နေပါတယ်။ ဘွတ်ကီတွေကလည်း ဂိုးပေါင်းကြေး အပေါ်ခေါ်ထားတဲ့ ပွဲစဉ်မှာ ထိုးသားအများစု ဂိုးပေါ်ထိုးဖို့ အာရုံစိုက်လာနိုင်တာမို့ ဂိုးအောက်ရွေးချယ်သင့်ပါတယ်။ အလွန်ဆုံးရောက် သုံးဂိုးသာဖြစ်နိုင်သလို တစ်ဖက် တစ်ဂိုးစီ သရေကျသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒီတစ်ခါ မက်ဒရစ်ဒါဘီပွဲမှာတော့ အသလက်တီကိုနဲ့ ဂိုးအောက် ရွေးချယ်ထားချင်ပါတယ်။

◾ အင်တာမီလန် Vs ဂျူဗင်တပ်

စီရီးအေ အမှတ်ပေးဇယားထိပ်ဆုံးက ချန်ပီယံလုမဲ့ အသင်းကြီး နှစ်သင်းဖြစ်ပါတယ်။ နှစ်သင်းလုံး ခြေစွမ်းကောင်းတွေပြသထားသလို အမှတ်ပေးပွဲ ပွဲနှစ်​ဆယ်ကျော်မှာ တစ်ပွဲစီသာ ရှုံးပွဲတွေ့ထားကြတာ ဖြစ်ပါတယ်။ အင်တာမီလန်က အမှတ်ပေးပွဲ ပွဲနှစ်ဆယ်ကျော်မှာ ဆယ်ဂိုးသာ ခွင့်ပြုပေးထားရသလို ဂျူဗင်တပ်ကလည်း ဆယ်သုံးဂိုးသာ ခွင့်ပြုပေးထားရတာပါ။ အိမ်ကွင်းလည်း ဖြစ်သလို ခြေစွမ်းပိုကောင်းတဲ့ အင်တာမီလန်အသင်းက တစ်လုံးရှစ်ဆယ်စား ပေးထားပေမဲ့ ဂိုးပေါင်းကြေးက နှစ်လုံး သုံးဆယ်ရှုံးဖြစ်ပါတယ်။ ဒီပွဲမှာ အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့ မလွယ်ကူပါဘူး။ ခံစစ်ကောင်းတဲ့ နှစ်သင်းလုံး ထိန်းကစားကြမဲ့ပွဲမှာ သုံးဂိုးထိမရောက်နိုင်ဘဲ အလွန်ဆုံး နှစ်ဂိုးလောက်သာဖြစ်နိုင်ပါတယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေးမျှတဲ့ ဒီပွဲမှာ ဂိုးအောက်တစ်ကွက်ကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *