MT News
Photo Kyaw Soe Moe (Pyapon)
ဖျာပုံမြို့ အမှတ် (၁၄) ရပ်ကွက်က ဘုန်းကြီးပျံစျာပနမှာ ဒီဇင်ဘာလ ၁ ရက်နေ့ည ညဦးပိုင်းကစတင်ပြီး တိုးလို့မပေါက်အောင် ကြက်ပျံမကျ စည်ကားနေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ အမှတ် (၁၄) ရပ်ကွက်မှာရှိတဲ့ ဓမ္မသုခကျောင်းတိုက်ရဲ့ ဦးစီးပဓာနနာယကဆရာတော် သက်တော် (၈၄) နှစ်မှာ ပျံလွန်ခဲ့တဲ့ ဘဒ္ဒန္တဣန္ဒာစက္ကရဲ့ အန္တိမ အဂ္ဂိစျာပနပူဇာသဘင်ကို နိုဝင်ဘာ ၃၀ မှာ စံကျောင်းချပြီး ဒီဇင်ဘာ ၂ ရက်မှာ သင်္ဂြိုလ်မှာ ဖြစ်ပါတယ်။ ဒီလိုစံကျောင်းချချိန်နဲ့ သင်္ဂြိုလ်ချိန်ရက်ကြားမှာ ဘုန်းကြီးပျံပွဲလုပ်တာကို ပြည်သူတွေ တိုးမပေါက်အောင် စည်ကားနေတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂ ရက်မှာ ဓမ္မသုခ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ဘုရားကြီးကို ဖျာပုံမြို့ ညောင်တစ်ပင် သုဿန်မှာ သင်္ဂြိုလ်သွားမယ်လို့လည်း သိရပါတယ်။