October 18, 2024

ဖမ်းဆီးတရားခံများကို အသေးစိတ်ဖော်ပြထားမှုမရှိသော်လည်း မြန်မာသတင်းဌာနများက KNU နှင့်ဆက်နွှယ်သော၊ မြန်မာလုပ်ငန်းရှင်များဖြစ်သောသူများဖမ်းဆီးခံရဟု ဖော်ပြနေကြ

၄.၂.၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံပြည်နယ်အများအပြားတွင် အွန်လိုင်းလောင်းကစားလုပ်ငန်းမှ ရငွေများကို ငွေကြေးခဝါချမှု ပြုလျက်ရှိသော GOFUK အမည်ရှိ ကွန်ရက်တစ်ခုအား ပြည်နယ်အများအပြား၌ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(DSI) က စစ်ဆင်ရေးပြုလုပ်ကာ ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြောင်း ထိုဌာန၏ သတင်းထုတ်ပြန်ချက်တစ်ရပ်ကဖော်ပြခဲ့သည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေဖြင့် ရနောင်းပြည်နယ်အတွင်း နေရာ ၂၇ နေရာကို ပစ်မှတ်ထား၍ ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများပြုခဲ့ရာတွင် ထိုကွန်ရက်နှင့်ဆက်စပ်နေသော သက်သေ အထောက်အထားများကို ရှာဖွေတွေ့ရှိခဲ့ပြီး ဘတ်ငွေ သန်း ၁၀,၀၀၀ အထိ ထိခိုက်နစ်နာခဲ့သော လောင်စာဆီအခွန်ရှောင်တိမ်းမှုကို တိုးချဲ့ ဆောင်ရွက်ရန်ပြင်ဆင်နေသည့် လူ ၁၈ ဦးကိုလည်း ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြခဲ့သည်။

ထိုစစ်ဆင်ရေးနှင့်ဆက်စပ်လျက် ဖေဖော်ဝါရီ ၁ ရက်က ရနောင်းပြည်နယ်အတွင်း နေရာ ၂၇ နေရာကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဝင်ရောက်စီးနင်းခဲ့ရာတွင် မာဖီးယားဂိုဏ်းများ၊ ငွေကြေးခဝါချမှု ပြုလုပ်နေသည့်နေရာများနှင့် လိမ်လည်အတိုးကြီးစားနေသည့်သူများ၏ အိမ်များလည်းပါဝင်ကြောင်းသိရသည်။

အဆိုပါဥပဒေပြင်ပ ကျူးလွန်မှုများအပေါ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စုံစမ်းချက်များအရ ကွန်ပျူတာ ရာဇဝတ်မှု အက်ဥပဒေ ၂၀၀၇ ခုနှစ်အရ မည်သို့ဥပဒေချိုးဖောက်မှုများရှိသည့် ထိုင်းအစိုးရ၏ တရားဝင်အစိုးရ ထီရလဒ်များကိုအခြေခံလျက် နိုင်ငံအများအပြားသို့တင်သွင်းကာ တရားမဝင်အွန်လိုင်းမှ နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားမှုများပြုကာ ငွေကြေးများကို လှည့်ဖြားရယူနေသည့် KOFUK ကွန်ရက်ခေါ် လူတစ်စု ရှိသည်ကိုလည်း သဲလွန်စများရရှိခဲ့သည်။ ဆက်လက်စုံစမ်းချက်များအရ KOFUK အွန်လိုင်းလောင်းကစားကွန်ရက်က လိမ္မာပါးနပ်သော အပေးအယူများပြုလုပ်ကာ အွန်လိုင်းငွေကြေးလွှဲပြောင်းမှုများကိုလည်း ပြုလုပ်လျက်ရှိကြသည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။

ရနောင်းပြည်နယ်အတွင်း ဝင်ရောက်စီးနင်းရှာဖွေမှုများ၌ လူများဖမ်းဆီးမိသည့်အပြင် ပစ္စည်းဥစ္စာများနှင့် သက်သေအထောက် အထားများပါ ရှာတွေ့ခဲ့သည်ဟုဆိုသည်။ ၎င်းတို့တွင် ကြီးမားသော ဇိမ်ခံကားများ၊ ရွှေလက်ဝတ်ရတနာများ၊ ထင်ရှားသောပစ္စည်းတံဆိပ်များဖြင့်ထုတ်ကုန်များ၊ သေနတ်များနှင့်တရားခံတို့က ၎င်းတို့၏လုပ်ငန်းအရ စုဆောင်းထားသောပစ္စည်းများကိုပါသိမ်းဆည်းရမိခဲ့သည်ဟု အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက ပြောခဲ့သည်။

အဆိုပါ GOFUK ကွန်ရက်က အွန်လိုင်းလောင်းကစားမှုများနှင့် ငွေကြေးခဝါချမှုလုပ်ငန်းများကို အဓိကဆောင် ရွက်လျက်ရှိရာတွင် ၁၀ နှစ်ကျော်ကာလအတွင်း ထိုင်းအစိုးရအတွက် အခွန်ရရှိရန် ဘတ်ငွေ သန်း ၁၀,၀၀၀ ခန့်နစ်နာစေခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်သည် ထိုင်းအစိုးရနှင် မြန်မာ SAC အစိုးရတို့ကြား အွန်လိုင်းလိမ်လည်မှုများကို ပူးပေါင်းနှိမ်နင်းရန်နှင့် KNU မှာ ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်မှုများလုပ်ဆောင်နေသည် အထောက်အထားတွေ့ရ၍ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းနှိမ်နင်းမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောကြားအပြီးထွက်ပေါ်လာခြင်းဖြစ်၍ လက်ရှိ စီးနင်းဖမ်းဆီးခံရသူများမှာ KNU တပ်ဖွဲ့ဝင်များဖြစ်သည်ဟု ပြောဆိုမှုများရှိနေသလို မြန်မာလုပ်ငန်းရှင်များဖြစ်သည်ဟုလည်း မြန်မာသတင်းဌာနများက အပြန်အလှန်စွပ်စွဲရေးသားနေသော်လည်း MT News သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးချေ။

Ref-Khaosod & DSI

Leave a Reply

Your email address will not be published. Required fields are marked *