၄. ၂. ၂၀၂၄
Written by Nay Moe
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ မှိုင်းပန်ရေကြည်ရွာက အသက် ၆၀ ခန့်အရွယ် သက်ကြီးရွယ်အိုအမျိုးသားတစ်ဦးကို ပျူစောထီးခေါင်းဆောင်ဆိုပြီး PDF တွေက ညှင်းပန်းနှိပ်စက်သတ်ဖြတ်လိုက်တယ်လို့ သတ်ဖြတ်လိုက်တဲ့ 7 STAR People Revolution Force Kyause က ထုတ်ပြန်ထားပါတယ်။
ဒီသတ်ဖြတ်မှုကို ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၃ နာရီ ၅၂ မိနစ်ခန့်က ကျောက်ဆည်မြို့နယ်၊ မှိုင်းပန်ရေကြည်ကျေးရွာက ဦး အောင်ဇော်နေအိမ်ကို 7 STAR People Revolution Force Kyause အဖွဲ့ဝင် နှစ်ဦးက ဓားနဲ့ ဝင်ရောက်ထိုးခုတ်ပြီး မသေမရှင်ဖြစ်နေချိန်မှာ သေနတ်နဲ့ပစ်သတ်လိုက်တာဖြစ်ပါတယ်။
7 STAR People Revolution Force Kyause အဖွဲ့ဝင် နှစ်ဦးက ဓားနဲ့ ဝင်ရောက်ထိုးခုတ်တာကြောင့် ဦးအောင်ဇော်ဟာ ယာနားထင်၊ နဖူးဝဲဘက်၊ မေးစေ့ဝဲဘက်၊ လည်ပင်းဝဲဘက် ထိုးသွင်းဒဏ်ရာ ၄ ချက်၊ ရင်ဘတ် ထိုးသွင်းဒဏ်ရာ ၃ ချက်၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ၂ ချက် (စုစုပေါင်းဒဏ်ရာ ၉ ချက်)နဲ့ ကျည်ထိမှန်ဒဏ်ရာရ သေဆုံးခဲ့တာဖြစ်ပြီး PDF တွေက ဓားဒဏ်ရာအများအပြားနဲ့ မသေမရှင် လဲကျနေတဲ့ ဦးအောင်ဇော်ကို သေနတ်နဲ့ ပစ်သတ်တာကိုလည်း 7 STAR People Revolution Force Kyause က ထုတ်ပြန်လာတဲ့ ရုပ်သံမှာတွေ့ရပါတယ်။