October 18, 2024

၂.၂.၂၀၂၄
Translated by Htwe Ko Tun

ဟောင်ကောင်မြို့ကို ဖေဖော်ဝါရီ ၂ ရက်မှာ ရောက်ရှိလာခဲ့တဲ့ အာဂျင်တီးနားလက်ရွေးစင် ဘောလုံး အကျော် အမော် လီယွန်နယ်လ် မက်ဆီက ဖေဖော်ဝါရီ ၄ ရက်မှာတော့ သူ့ရဲ့ဘောလုံးကစားကျွမ်းကျင်မှုတွေကို ထုတ်ဖော်ပြသကစားဖို့ ဘောလုံးပွဲတစ်ပွဲစီစဉ်သွားမယ်ဆိုခြင်းက ဟောင်ကောင်က ဘောလုံးပရိသတ်တွေအကြား “မက်ဆီ ရူးသွပ်မှု”ကို စနက်တံမီးရှို့ ဖောက်ခွဲလိုက်တာပဲလို့ ဆိုကြပါတယ်။

မက်ဆီတည်းခိုနေတဲ့ ဟောင်ကောင်ရှိ Fullerton Ocean Park ဟိုတယ်ဆိုရင်လည်း နာမည်ကြီးခရီးသွားနေရာတစ်ခုကို ဧည့်သည်တွေအလုအယက်လာကြသလိုမျိုး ပြည်တွင်းပြည်ပက သူ့ရဲ့ ပရိသတ်တွေနဲ့ ပြည့်နှက်နေပါ တယ်။ ပြည်ပက သူ့ရဲ့ အသဲစွဲပရိသတ်အချို့ဆိုရင် မက်ဆီလာရောက်ချိန် ဟောင်ကောင်ကိုလာနိုင်ဖို့ခရီးစဉ်အ တွက် ငွေကို ချွေတာစုဆောင်းခဲ့ကြရတာပါ။ သူ့ရဲ့ တချို့ပရိသတ်တွေဆိုရင်တော့ ဟိုတယ်တစ်ခုထဲ အတူတူလာတည်းနေကြတာလည်း တွေ့ရပါတယ်။

လေဆိပ်ကနေ ဟိုတယ်ကို မက်ဆီနဲ့ သူ့ရဲ့ မီယာမီ အသင်းသားတွေရောက်လာတော့မယ့်အချိန်မှာတော့ ဟိုတယ်မှာ သူတို့ဓာတ်ပုံတွေနဲ့ အထူးခင်းကျင်းကာ ကြိုဆိုခဲ့တာက ပရိသတ်တွေအဖို့ အတူတွဲဓာတ်ပုံရိုက်ဖို့နေရာတွေဖြစ်ခဲ့ပါတယ်။ ရှင်ဇင်းတက္ကသိုလ်က ကျောင်းသားသုံးယောက်ဆိုရင်တော့ မက်ဆီကို ခဏတာလေးမြင်ရဖို့ ရှိသမျှပိုက်ဆံနဲ့ ဟောင်ကောင်ကိုလာခဲ့ကြကာ ဟိုတယ်မှာ တစ်ညတာ တည်းခိုနေတာ တွေ့ရပါတယ်။

ဟန်ဇိုးမြို့က တခြားသော မက်ဆီရဲ့ အမျိုးသမီးပရိသတ်တစ်ဦးဆိုရင်လည်း မက်ဆီက ဟောင်ကောင်ကိုလာမယ်ဆိုတာသိကတည်းက ဟိုတယ်ခန်းတစ်ခန်းကို ကြိုတင် အမည်ပေးထားကာ မက်ဆီနဲ့အတူတူတွေ့ဖို့ ဟိုတယ်တဝိုက်မှာပဲ ယောင်ပေပေလုပ်နေခဲ့ရသူပါ။

မတ်လ ၃ ရက် ဟောင်ကောင်ဘောလုံးကွင်းမှာ မက်ဆီတို့ လေ့ကျင့်ခန်းလုပ်နေတုံးမှာတော့ များပြားလှတဲ့ မက်ဆီပရိသတ်ကြီးက ဟောင်ကောင်အားကစားကွင်းရှေ့မှာ စုဝေးနေကြတာတွေ့ရပါတယ်။ ဟောင်ကောင်ကစတိုးဆိုင်တွေမှာလည်း ကမ္ဘာ့ဖလားချန်ပီယံ မက်ဆီရဲ့ ဂျာစီအင်္ကျီကို အလုအယက်ဝယ်ယူသူတွေများလွန်းလှတာကိုတွေ့နေရပြန်ပါတယ်။ ဒါတွေအားလုံးကဆိုရရင်တော့ “မက်ဆီ ရူးသွပ်မှု”လို့ ပြောရမှာပဲ….။

Ref- The Standard, SCMP

Leave a Reply

Your email address will not be published. Required fields are marked *