၃.၂.၂၀၂၄
Written By Thandar
ယနေ့ ဖေဖော်ဝါရီ ၃ ရက် ညနေ ၆နာရီမှာ နေပြည်တော် MICC-1 မှာ ကျင်းပတော့မယ့် ၂၀၂၃ ခုနှစ် ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဆုလေးတစ်ဆုဖြစ်တဲ့ အကယ်ဒမီ အမျိုးသမီး ဇာတ်ဆောင်ဆု ဆန်ခါတင်တစ်ကြိုပြေးနေတဲ့ မင်းသမီး ၆ ဦး ပါဝင်နေပါတယ်။
အဆိုပါ အနုပညာရှင် ဇာတ်ဆောင် မင်းသမီး ၆ ဦးကတော့ စိုးမြတ်သူဇာ၊ သက်မွန်မြင့် ၊ မိုးဟေကို ၊ ခင်ဝင့်ဝါ ၊ ခြူးလေးနဲ့ မေမြင့်မိုရ်တို့ ဖြစ်ပါတယ်။ ပရိသတ် အချစ်တော် စိုးမြတ်သူဇာကတော့ ကျော်ဇော ရုပ်ရှင်ထုတ်လုပ်ရေးက ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးထားတဲ့ အချစ်ကြီးသူမမကြီး နေရာက ငါမုန်းတဲ့အက္ခရာ ဇာတ်ကား၊ ကန်းထရီးစတား ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ရိုက်ကူးတဲ့ အတ္တရှေ့ ထားရင်မှားတတ်တာကို မီးမောင်းထိုးပြတဲ့ “ဘယ်တော့မှအရှုံးမပေးဘူး” ရုပ်ရှင် ၂ ကားမှာ ပါဝင်ထားပါတယ်။
SM Winner ရုပ်ရှင်ထုတ်လုပ်ရေးက ဒါရိုက်တာ နေဟိန်း ရိုက်ကူးထားတဲ့ မိသားစု အပေါ်အစွဲအလန်းကြီးသူ ယောက်ျားနဲ့ သမီးလေးအပေါ် သိပ်ချစ်တတ်လွန်သူ အိမ်ထောင်ရှင်အမျိုးသမီးနေရာက ပါဝင်ထားတဲ့ မင်းသမီးမိုးဟေကိုရဲ့ အချိန်လွန်မိုး ဇာတ်ကား ၊ ဘိုဘိုထုတ်လုပ်ရေးက ဒါရိုက်တာ စိုးမိုးမင်း ရိုက်ကူးထားတဲ့ ယောက်ျားသုံးယောက်ကြား ဗျာများခဲ့ရသူ သနားစရာကောင်မလေး နေရာက မင်းသမီး မေမြင့်မိုရ်က ရည်ရွယ်မိုး ဇာတ်ကားနဲ့ မုန်းခွင့် ဇာတ်ကား ၊ ဒါရိုက်တာ သားညီ ရိုက်ကူးတဲ့ သွေးအေးအေး ရက်စက် ဖောက်ပြန် တတ်သူနေရာက တိုင်းရင်းသူလေးသက်မွန်မြင့်ရဲ့ စတုတ္တ မြောက်သွေးကြောမျှင် ဇာတ်ကား ၊ ဒါ့အပြင် အချိန်လွန်မိုး ရုပ်ရှင်ဇာတ်ကားကြီးမှာ မိသားစုအတွက် အမြဲအသင့်ရှိနေတတ်သူ မင်းသမီး ခြူးလေး ၊ မနှစ်က အကယ်ဒမီ ရရှိထားတဲ့ မင်းသမီးလေး ခင်ဝင့်ဝါကတော့ ရိုမန့်ဇာတ်လမ်းပုံစံ မုန်းခွင့် ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေက တစ်ကြိုပေးနေကြတာလည်း ဖြစ်ပါတယ်။
ရုပ်ရှင်ဇာတ်ကားတစ်ကားရဲ့ အဓိကနေရာဖြစ်တဲ့ ဇာတ်ဆောင်နေရာမှာ အကောင်းဆုံး၊ ကာရိုက်တာအပေါ်မှာ ပီပြင်စွာ သရုပ်ဆောင်နိုင်ပြီး အံ့ဝင်ခွင်ကျဖြစ်တဲ့သူကိုသာ ရွေးချယ်ပြီး အကယ်ဒမီ ဇာတ်ဆောင်ဆုကို ပေးအပ်တာဖြစ်ပါတယ်။ ဒီနှစ် ၂၀၂၃ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ အဓိက အမျိုးသမီး ဇာတ်ဆောင်ဆုကို ဘယ်သူ့က ရရှိမလဲဆိုတာ MT Entertainment ကတစ်ဆင့် ပြောပေးခဲ့ပါဦးနော် –