October 18, 2024

၃. ၂. ၂၀၂၄
Written by MMAK

◾ အဲဗာတန် Vs စပါး

အဲဗာတန်အသင်း အမှတ်လျော့ပြစ်ဒဏ် ထပ်ကျနိုင်
ဖို့ ရှိနိုင်တဲ့အတွက် ရမှတ်တွေ ထပ်ယူထားဖို့ လိုအပ်နေချိန်ဖြစ်ပါတယ်။ အဲဗာတန် နောက်ဆုံးငါးပွဲမှာ နှစ်ဂိုးသာ သွင်းထားနိုင်ပေမဲ့ ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်စား ဆိုတဲ့ ကြေးတန်းမှာ အိမ်ရှင် အဲဗာတန်အသင်း ဂိုးရမယ်ဆိုတဲ့သဘော ဖြစ်သလို တိုက်စစ်ကောင်းတဲ့ စပါးအသင်းလည်း ဂိုးရမှာ ဖြစ်ပါတယ်။ ဆွန်ဟောင်မင်နဲ့ ဘစ်ဆူးမား မပါနိုင်သေးတဲ့ စပါး တိုက်စစ်မှာ ဂိုးသွင်းနိုင်ပေမဲ့ ခံစစ်က အားနည်းတာတွေ့ရပါတယ်။ ဂိုးပေါင်းကြေးအရ တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမဲ့ပွဲလို့ ယူဆတာကြောင့် ဂိုးပေါ်ရွေးချယ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။

◾ ဘရိုက်တန် Vs ခရစ္စတယ်ပဲလေ့စ်

ကြားရက်မှာကန်ခဲ့တဲ့ ဘရိုက်တန်နဲ့ လူတန်တောင်းပွဲစဉ်မှာ ဘရိုက်တန်ရဲ့ တိုက်စစ်ကစားပုံ တော်တော်လေး ညံ့သလို ဘောလုံးကိုင်ထားနိုင်တယ်ဆိုတဲ့ ပုံစံမျိုးသာတွေ့ရပါတယ်။ အဲဒီပွဲစဉ်မှာ လူတန်တောင်းရဲ့ Mid- Block ကစားပြီး တန်ပြန်တိုက်စစ်ကစားတာ တော်တော်လေး ကောင်းတာ တွေ့ရပြီး လေးဂိုးပြတ် အနိုင်ရသွားပါတယ်။ အခုကန်မဲ့ ခရစ္စတယ်ပဲလေ့အသင်းကလည်း လူတန်တောင်းအသင်းလို Mid-Block ကနေ တန်ပြန်တိုက်စစ် ကောင်းတဲ့အသင်းမျိုး ဖြစ်တဲ့အတွက် ပဲလေ့စ်အသင်း ဂိုးရသွားနိုင်ပါတယ်။ မီတိုမာ ၊ ဆိုလီမတ် ၊ အန်စီဆိုတို့ မပါနိုင်တဲ့ ဘရိုက်တန် တိုက်စစ်က ဂိုးရဖို့ ခက်ခဲနေတာမျိုးတွေ့ရပါတယ်။ ဘရိုက်တန်ရဲ့ တစ်လုံးရှစ်ဆယ်စား  ပေါက်ကြေးအရလည်း သရေ ကျသွားနိုင်တာမျိုး ဖြစ်တဲ့အတွက် ပဲလေ့စ်ကို ရွေးချယ်ထားရမှာ ဖြစ်ပါတယ်။

◾ ဘန်လေ Vs ဖူဟမ်

အဆင့် (၁၉)မှာ ၁၂ မှတ်သာရထားတဲ့ ဘန်လေအသင်း တန်းမဆင်းရဖို့ အမှတ်တွေ လိုအပ်နေပါပြီ။ အိမ်ကွင်း မှာတော့ ဖူဟမ်လိုအသင်းကို အနိုင်ရဖို့ တိုက်စစ်ဖွင့်ကစားမှာ ဖြစ်ပါတယ်။ ဖူဟမ်အသင်းကလည်း တိုက်စစ်ကောင်းတဲ့ အသင်းမျိုးဖြစ်တဲ့အတွက် အပြန်အလှန်တိုက်စစ်ဖွင့်ကစားမဲ့ပွဲမျိုးဖြစ်ပါတယ်။ နှစ်သင်းလုံး နိုင်ပွဲမရတာ ခြောက်ပွဲစီ ရှိသွားပြီ ဖြစ်တဲ့အတွက် နှစ်သင်းလုံး နိုင်ပွဲရဖို့ ကြိုးစားလာကြမှာဖြစ်ပါတယ်။ ဂိုးပေါင်းကြေးအရလည်း ဂိုးပေါ်သွားနိုင်တဲ့ကြေးမျိုးဖြစ်တဲ့အတွက် ဂိုးပေါ်တစ်မျိုးတည်း ရွေးချယ်ထားချင်ပါတယ်။

◾ နယူးကာဆယ် Vs လူတန်တောင်း

နယူးကာဆယ်ရဲ့တိုက်စစ်မှာ အီဆတ်နဲ့ ဝီလ်ဆင် မပါနိုင်သေးပါဘူး။ နယူးကာဆယ်အသင်း အိမ်ကွင်းကောင်းတာမှန်ပေမဲ့ အဓိကတိုက်စစ်မှူးတွေ မပါနိုင်သေးတာ ဖြစ်တဲ့အတွက် နှစ်ဂိုးပြတ် အနိုင်ရပါ့မလားဆိုတာ စဉ်းစားရမှာဖြစ်ပါတယ်။ တစ်ဖက်က လူတန်တောင်းအသင်းရဲ့ ကစားပုံ တော်တော်လေး ကောင်းလာတာတွေ့ရပြီး နောက်ဆုံးငါးပွဲဆက် ရှုံးပွဲမရှိထားသလို တန်ဆင်းဇုန်ကနေ လွတ်အောင် ရုန်းပြထားနိုင်ပါတယ်။ နယူးကာဆယ်အသင်းရဲ့ ဘော်ဒီကြေး တစ်လုံးငါးဆယ်ရှုံးအနေအထားမှာ နှစ်ဂိုးပြတ်အနိုင်ရဖို့ခက်ပါတယ်။ နိုင်ခဲ့ရင်တောင် ကပ်ပြီးတော့ အနိုင်ရတာမျိုးဖြစ်နိုင်တဲ့အတွက် လူတန်တောင်းအသင်းကို ရွေးချယ်ထားရမှာ ဖြစ်ပါတယ်။

◾ ရှက်ဖီး Vs အက်စတွန်ဗီလာ

ဇယားအောက်ဆုံးက ရှက်ဖီးအသင်း တိုက်စစ်ကမကောင်းသလို ခံစစ်ကလည်း တော်တော်လေးပေးဂိုးတွေများနေပြီး တန်းဆင်းရဖို့ ရာခိုင်နှုန်းများနေပြီ ဖြစ်ပါတယ်။ အမ်မရီရဲ့ ဗီလာအသင်းကတော့ ဥရောပဝင်ခွင့်ရဖို့ ကြိုးစားနေတာဖြစ်တဲ့အတွက် ဇယားအောက်ဆုံးက ရှက်ဖီးလို အသင်းမျိုးကို သုံးမှတ်အပြည့် ရယူထားနိုင်ဖို့လိုပါတယ်။ အဆင့်ငါး ဗီလာအသင်းက ဇယားအောက်ဆုံးက အညံ့ဆုံးအသင်းကိုတစ်လုံးသွင်းရင် ငါးဆယ်စားရမယ်ဆိုတဲ့ ပေါက်ကြေးအရ ကြေးပျော့နေတယ် ထင်ရအောင် အက်စတွန်ဗီလာအသင်းကို မနေရဲအောင် ဘွတ်ကီတွေ ဖန်တီးထားတယ်လို့ မြင်ပါတယ်။ ဗီလာအသင်း အနိမ့်ဆုံးတစ်ဂိုးအသာလောက်နဲ့ အနိုင်ရသွားမယ်လို့ ထင်တဲ့အတွက် ဗီလာအသင်းကို ရွေးချယ် ထားချင်ပါတယ်။

◾ ဒမ်းစတက် Vs လေဗာကူဆင်

ဥရောပထိပ်တန်း လိဂ်ကြီးငါးလိဂ်မှာ ရှုံးပွဲမရှိသေးတာဆိုလို့ အလွန်ဆိုရဲ့ လေဗာကူဆင် တစ်သင်းတည်း ရှိတော့တာ ဖြစ်ပါတယ်။ လေဗာကူဆင်အသင်း ခြေစွမ်းတော်တော်လေး ကောင်းသလို ဘွတ်ကီတွေတောင် လွှတ်ပေးထားရတဲ့ အသင်းမျိုးဖြစ်ပါတယ်။ ဇယားအောက်ဆုံးက ဒမ်းစတက်အသင်း နောက်ဆုံးဆယ့်သုံးပွဲဆက် နိုင်ပွဲပျောက်ထားသလို ခံစစ်က တစ်ပွဲကို နှစ်ဂိုးလောက် ပေးနေရတဲ့ အသင်းဖြစ်လို့ လေဗာကူဆင်အသင်းကို  ဘယ်လိုမှ ယှဉ်မကစားနိုင်ပါဘူး။ နှစ်လုံးရှစ်ဆယ်စားပေးထားတဲ့ လေဗာကူဆင်အသင်း အနိမ့်ဆုံး နှစ်ဂိုးအသာလောက်နဲ့ နိုင်သွားဦးမှာဖြစ်ပါတယ်။ ဘွတ်ကီတွေလွှတ်ပေးထားတဲ့ လေဗာကူဆင်အသင်းကို အပိုင်ရွေးချယ်ထားရမှာ ဖြစ်ပါတယ်။

◾ အလာဗက် Vs ဘာစီလိုနာ

ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမား အများစု ဒဏ်ရာရနေသလို ခံစစ်ကလည်း ညံ့တဲ့အတွက်​ပေးဂိုးတွေ ပွဲတိုင်းနီးပါး ခွင့်ပြု​နေရတာ​တွေ့ရပါတယ်။ ခြေစွမ်းကျဆင်းနေချိန်ဖြစ်သလို တစ်ပွဲနိုင်ဖို့ကို တော်တော်လေးရုန်းကန်ကစားနေရတာ ဖြစ်ပါတယ်။ အဝေးကွင်း ဘာစီလိုနာအသင်းရဲ့ တစ်ဂိုးသွင်းရင် အပြည့်ရမယ်ဆိုတဲ့ ကြေးပေါက်ဟာ အနိုင်ရဖို့ မလွယ်ဘူးလို့ ထင်ပါတယ်။ အလာဗက်အသင်းက ခြေစွမ်းကောင်းမွန်တဲ့ အသင်းဖြစ်သလို လာလီဂါ နောက်ဆုံးငါးပွဲဆက် ရှုံးပွဲမရှိထားပါဘူး။ ဒဏ်ရာရ ကစားသမားများနေတဲ့ အဝေးကွင်းမှာ ဘာစီလိုနာအသင်း အနိုင်ရဖို့ မလွယ်ကူတာကြောင့် အိမ်ရှင်အလာဗက်အသင်းကို ရွေးချယ်ထားချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *