October 20, 2024

၃. ၂. ၂၀၂၄
Written by Nay Aung

ဂါနာနိုင်ငံသား အင်္ဂလိပ်စာဆရာတစ်ဦးဖြစ်တဲ့ မာဝီနာဘီနီဒစ်တက် ဆိုသူဟာ တစ်ဦးချင်းစာဖတ်ရာမှာ အချိန်အကြာဆုံးစာဖတ်နိုင်သူအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ဖို့ ကြိုးပမ်းခဲ့ရာမှာ အောင်မြင်မှုရရှိခဲ့ကြောင်း သိရပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ မာဝီနာဟာ စာကို နာရီပေါင်း ၂၁၆ နာရီကြာဖတ်ပြပြီး ကမ္ဘာ စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ မာဝီနာရဲ့စာဖတ်နိုင်မှုစွမ်းရည်ကို ရက်နဲ့တွက်ချက်မယ်ဆိုရင် ရက်ပေါင်း ၉ ရက်ကြာမြင့်ခဲ့ပြီး စာကို မရပ်မနား ဆက်တိုက်ဖတ်သွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

မာဝီနာက မာရသွန်စာဖတ်မှု (Reading Marathon) လုပ်ဆောင်ခြင်းဟာ ကျောင်းသားတွေကြား စာဖတ်တဲ့အလေ့အကျင့်ကောင်းတစ်ခုပျိုးထောင်ပေးနိုင်ဖို့ မိမိကိုယ်ကို စံပြဖြစ်အောင်လုပ်ဆောင်ဖို့ စေ့ဆော်မှုဖြစ်လာခဲ့ကြောင်း ပြောပါတယ်။

“ကျောင်းသားတွေကို စာဖတ်တဲ့အလေ့အကျင့်ကောင်းတွေရရှိစေဖို့နဲ့ ကမ္ဘာ့နိုင်ငံတွေကြားမှာ ဂါနာစာရေးဆရာတွေအတွက် ဂုဏ်ယူစရာဖြစ်အောင် ဂင်းနစ်စံချိန်တင်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်”လို့ မာဝီနာက ပြောပါတယ်။

စာဖတ်မှုအချိန်အကြာဆုံးပြုလုပ်နိုင်သူတွေအဖြစ် အရင်စံချိန်တင်ထားသူကတော့ ကာဂျစ္စတန်နိုင်ငံက Rysbai Isakov ဆိုသူဖြစ်ပြီး၂၀၂၂ ခုနှစ်တုန်းက စက်တင်ဘာ ၂၂ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ နာရီပေါင်း ၁၂၄ နာရီကြာ စာဖတ်နိုင်သူအဖြစ် စံချိန်တင်နိုင်ခဲ့ပေမဲ့ အခုတော့ မာဝီနာက သူ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Ref adomonline

Leave a Reply

Your email address will not be published. Required fields are marked *