October 19, 2024

၃. ၂. ၂၀၂၄
Written By Thandar

ပရိသတ်အားပေးမှုများစွာ ရရှိထားတဲ့ ” သောကြာမိုး “သီချင်းကို Short Film/MV ဖန်တီးမယ့် ကန်တော့‌ပွဲပေးကို ယနေ့ ဖေဖော်ဝါရီ ၃ ရက် ‌နံနက် ၉ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ရွှေဘုန်းပွင့်ဘုရားမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်မတို့က ကိုပုံရိပ်ဆီက သီချင်း ၂ ပုဒ်ကို ပုံဖော်ဖန်တီးဖို့ စိတ်ကူးဖြစ်တယ်။ တစ်ပုဒ်ကတော့ ကိုပုံရိပ်တို့က သူတို့အဖွဲ့လေးနဲ့ ဖန်တီးလိုက်တော့ ကျွန်မတို့အတွက် သောကြာမိုး သီချင်းလေး ဖန်တီးဖို့ ခွင့်ပြုခဲ့တာမို့ Short Film ပုံဖော်ဖြစ်တာပါ။ လူငယ်တွေစုပေါင်းပြီး လာမယ့် ဖေဖော်ဝါရီ ၁၇ ရက်ကစပြီး ရန်ကုန်တက္ကသိုလ်နဲ့ တခြားနေရာလေးတွေမှာ ရိုက်ကူးကြမှာပါ။ ကျွန်မကတော့ ဒီဇာတ်လေးထဲမှာ အမွှေပုံစံ ကာရိုက်တာလေးနဲ့ မြင်တွေ့ရမှာပါ။ အောင်မြင်ပြီး သီချင်းကို ဖန်တီးရတာမို့ အကောင်းဆုံးကြိုးစားသွားကြမှာပါ”လို့ သရုပ်ဆောင် ယင်းမာက MT Entertainment ကို ပြောပါတယ်။

ဒီပုံဖော်မှုကို ဇာတ်ညွှန်း ညမွှေးပန်း၊ ဒါရိုက်တာ စေတသိက်၊ လက်ထောက် ဒါရိုက်တာ ပြည့်ဟိန်းသူ၊ ရုပ်ရှင်ဓာတ်ပုံ လင်းတေဇတို့က သရုပ်ဆောင် မင်းဘုန်းမြတ်၊ ဖြိုးသူရလင်း ၊ ယင်းမာ ၊ ကာတွန်း၊ ဟိန်းသစ်ဈာန်၊ သက်နှင်းစု ၊ ဧည့်သည်သရုပ်ဆောင် ပုံရိပ်၊ အောင်ကောင်းမြတ်တို့နဲ့ ရိုက်ကူး ပါဝင်ကြမှာဖြစ်ပါတယ်။

“သောကြာမိုး ” Short Film/MV ကို လာမယ့် ဧပြီလမှာ ကံသာ ထုတ်လုပ်ရေးကနေ တင်ဆက်သွားမှာဖြစ်သလို Online Platform ကနေ တင်ပေးသွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *