October 19, 2024

၃. ၂ .၂၀၂၄
Written by Hey Mar

ဒီနေ ဖေဖော်ဝါရီ ၃ ရက် နေပြည်တော် MICC-1 မှာ ကျင်းပပြုလုပ်တော့မယ့် ၂၀၂၃ ခုနှစ်ရဲ့ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် ဆန်ခါတင် မင်းသားချော ၅ ဦး ပါဝင်နေပါတယ်။

ဒီ ၅ ဦးမှာဆို အကယ်ဒမီ နေတိုးရဲ့ အချိန်လွန်မိုး ဇာတ်ကားကလည်း Academy Nomination အနေနဲ့ ပါဝင်လာပါတယ်။ အောင်ရဲလင်းရဲ့ အကောင်းဆုံး လုပ်ကွက်ရ ဗီလိန် ဇာတ်ရုပ်လို့ ဆိုရမယ့် ငါမုန်းတဲ့ အက္ခရာ ရုပ်ရှင်ဇာတ်ကားကြီးနဲ့အတူ ဘဝကြမ်းကြမ်း စရိုက်ကြမ်းကြမ်းပေမယ့် ဖြူစင်တဲ့ မေတ္တာတရား အပျော့နဲ့ အမာကြား ယှဥ်တွဲ သရုပ်ဆောင်ပြသွားတဲ့ အဆိုတော်မင်းသား နေဝင်းကလည်း ဒီနှစ်အတွက် ရုပ်ရှင်ဇာတ်ကား ရည်ရွယ်မိုးနဲ့ စာရိတ္တဆိုပြီး နှစ်ကားပါဝင်နေပါတယ်။

အာရှတင်မက နိုင်ငံတကာထိပါ ထိုးဖောက်ဖို့ ကြိုးစားနေတဲ့ မင်းသားပိုင်တံခွန်ကလည်း မေတ္တာတရားကိုဖော်ကျူးပြသတဲ့ တိရစ္ဆာန်နဲ့ ရဟန်းတစ်ပါးရဲ့ဇာတ်ရုပ်ကို ကံကောင်း ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ထားတာပါ။

ဒီလိုပါပဲ အသံသြဇာကောင်းကောင်းနဲ့ အစီအစဥ် တင်ဆက်သူလည်းဖြစ်တဲ့ MC မင်းသား ကျော်ထက်အောင်ကလည်း ကိုယ်ပွားရုပ်ရှင်ဇာတ်ကားကြီးမှာ စရိုက်နှစ်မျိုးနဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေက သူ့ကို အကယ်ဒမီ ဆန်ခါတင်စာရင်းထဲ ဆွဲခေါ်သွားခဲ့တာပါ။

MT News ပရိတ်သတ်ကြီးကရော ဒီမင်းသားတွေထဲက ဘယ်သူ့က အကယ်ဒမီရမယ်လို့ မျှော်လင့်ထားပါသလဲ။ အကယ်ဒမီပေးပွဲကြီးကတော့ ဒီနေ့ညနေ ၅ နာရီမှာ စတင် ကျင်းပတော့မှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *