October 20, 2024

၂. ၂. ၂၀၂၄
Written by Nay Moe

ဒီနေ့ ဖေဖော်ဝါရီ ၂ ရက် မနက် ၉ နာရီ ၁၅ မိနစ်အချိန်က ရှမ်း/မြောက် တအာင်းဒေသ နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာ ပန်းပဲတန်း၊ ရပ်ကွက်(၇)မှာ နေထိုင်တဲ့ ကလေးငယ်သုံးဦးဟာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကိုယူဆော့ကစားရာက ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသွားကြတယ်လို့ Ta’ang Women’s Organization က သိရပါတယ်။

“ကလေးလေးတွေက ရွာအောက်ဘက်မှာ ဆော့နေကြတာ၊ မပေါက်ကွဲသေးတဲ့မိုင်း ယူဆော့တာ ဖြစ်နိုင်တယ်။ ပေါက် သွားတဲ့ မိုင်းအစအနကို မတွေ့ရသေးဘူး။ ကလေးသုံးယောက်လုံးက အတူတူထိုင်ဆော့နေတာ။ ပေါက်ကွဲသွားတော့ ၂ ယောက်က ဆုံးသွားတယ်။ တစ်ယောက်က အသက်ရှင်သေးတယ်။ ဆေးရုံခေါ်သွားမယ်လုပ်တော့ ဆုံးသွားတယ်” လို့ ဇယန်းကြီးကျေးရွာနေ အမျိုးသားတစ်ဦးက ပြောဆိုတာကို TWO ရဲ့ ထုတ်ပြန်မှုမှာ ကိုးကားဖော်ပြထားပါတယ်။

မိုင်းဆော့ကစားရင်း သေဆုံးသွားတဲ့ ကလေးငယ်တွေက အသက်(၉)နှစ်အရွယ် မိုင်းအစော၊ အသက်(၆) နှစ်အရွယ် အခြိူဝ်းနဲ့ အသက် (၈) နှစ်အရွယ် မိုင်းလှမင်းအောင်တို့ ၃ ဦး ဖြစ်ပါတယ်။

ဒီ မိုင်းအမျိုးအစားဟာ တိုက်ပွဲကာလအတွင်း လက်နက်ကြွင်းကျန်ခဲ့တဲ့ပစ္စည်းလား မြေမြှုပ်မိုင်းလားဆိုတာကို မသိရှိနိုင်သေးဘူးလို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *