၂.၂.၂၀၂၄
Written By Thandar
မနက်ဖြန် ဖေဖော်ဝါရီ ၃ ရက် ညနေ ၆ နာရီမှာ နေပြည်တော်ရှိ MICC 1 မှာ ကျင်းပမယ့် ၂၀၂၃ အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ဆန်ခါတင် ရုပ်ရှင်ဇာတ်ကား ၁၂ ကားထဲက အကယ်ဒမီရမဲ့ ဇာတ်ကားတွေနဲ့ သရုပ်ဆောင်တွေဟာ ရုပ်ရှင်ချစ် ပရိသတ်တွေအနေနဲ့ ရင်ခုန်သံတွေထပ်တူကျမလား တွေးဆစရာပါ။
၂၀၂၃ ခုနှစ် ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ၃၅ ကားထဲကနေ နောက်ဆုံးအဆင့် ကျန်ရှိနေတဲ့ ကံကောင်း ၊ အချိန်လွန်မိုး ၊ အဓိပ္ပါယ်ရှိသောကြယ် ၊ ရည်ရွယ်မိုး ၊ စာရိတ္တ ၊ ကိုယ်ပွား ၊ စတုတ္ထမြောက်သွေးကြောမျှင် ၊ ငါမုန်းတဲ့အက္ခရာ ၊ ဘယ်တော့မှအရှုံးမပေးဘူး ၊ မုန်းခွင့် ၊ ဆရာမ (The Teacher) နဲ့ စောင်နီလေးတစ်ထည် ရုပ်ရှင်ဇာတ်ကားတွေကတော့ အကယ်ဒမီ ဆန်ခါတင်စာရင်းဝင်ထားတဲ့ ကားတွေလည်း ဖြစ်ပါတယ်။
ဒီနှစ်ကျင်းပမြဲဖြစ်တဲ့ အနုပညာရှင်တွေရဲ့ မှတ်တိုင်ဖြစ်တဲ့ မြန်မာရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲမှာတော့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆု ၊ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆု ၊ အကောင်းဆုံး ရုပ်ရှင် တည်းဖြတ်ဆု ၊ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု ၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု ၊ အကောင်းဆုံး ရုပ်ရှင် ဇာတ်ကားဆု ၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု ၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ၊ အကောင်းဆုံး အမျိုးသား ရုပ်ရှင် ဇာတ်ဆောင်ဆု ၊ အကောင်းဆုံး အမျိုးသမီး ရုပ်ရှင်ဇာတ်ဆောင်ဆု ၊ ရုပ်ရှင် အထူးဆုတွေကို ပေးအပ်ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။
ပရိသတ်တွေကတော့ ကိုယ်အားပေးချစ်ခင်တဲ့ မင်းသား၊ မင်းသမီးတိုင်းကို အကယ်ဒမီ ဆုရစေချင်တာက ပရိသတ်တိုင်းရဲ့ ချစ်မေတ္တာဆိုလည်း မမှားပါဘူးလို့ ပြောရမှာပါ။ ဒီနှစ်အကယ်ဒမီဆုတွေကို ၁၁ ဆု(သို့) ၁၂ ဆုထဲက ဘယ်မင်းသား၊ မင်းသမီးနဲ့ ဇာတ်ဆောင်တွေက ဘယ်ဇာတ်ကားနဲ့ ဘယ်လိုဆုတွေကို အပိုင်သိမ်းသွားနိုင်မလဲဆိုတာ MT Entertainment တစ်ဆင့် ခန့်မှန်းပေးခဲ့ပါဦးနော် …..။