October 19, 2024

၂. ၂. ၂၀၂၄
Written by Nay Moe

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ မာရမ်းကျေးရွာ (ထိုင်း-မြန်မာနယ်စပ်) လမ်းမပေါ်မှာ သတင်းတပ်ဖွဲ့တပ်ကြပ်တစ်ဦးနဲ့ဖခင်ဖြစ်သူတို့ကို PDF တွေက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ကနဦး သိရပါတယ်။

ဖြစ်စဥ်က PDF တွေ Silent Strike လုပ်ဖို့လှုံ့ဆော်ထားတဲ့ ဖေဖော်ဝါရီ ၁ ရက် မနက် ၁၀ နာရီခွဲခန့်အချိန်မှာ ဆိတ်ဖူးကျေးရွာကနေ နေထိုင်ရာ မာရမ်းကျေးရွာဆီကို မော်တော်ယာဉ်နဲ့ ပြန်လာတဲ့ ရဲတပ်ကြပ်နေစိုးဦးနဲ့ ဖခင်ဖြစ်သူ ဦးစိုးတင့်တို့ကို မာရမ်းကျေးရွာလမ်းမပေါ်မှာ PDF တွေက မောင်းနှင်လာတဲ့ မော်တော်ယာဉ်က လမ်းဘေးဝဲယာမှကျည်တွေနဲ့ တရစပ်ပစ်ခတ်တာကြောင့် မော်တော်ယာဥ်ဟာ လမ်းဘေးမြောင်းထဲ ကျည်ထိမှန်ရာဗရပွနဲ့ ထိုးကျသွားခဲ့သလို ရဲတပ်ဖွဲ့ဝင် သားအဖနှစ်ဦးစလုံး သေဆုံးသွားခဲ့တာပါ။

ဒီပစ်ခတ်သတ်ဖြတ်မှုကို ကော့သောင်း PDF တွေ လုပ်ဆောင်တာဖြစ်ပေမဲ့ ဘယ်အဖွဲ့က သတ်ဖြတ်တယ်ဆိုတာကိုတော့ တရားဝင်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *