October 19, 2024

၂. ၂. ၂၀၂၄
Written By Thandar

တေးသံရှင် သျှီလာရဲ့ ခင်ပွန်းဖြစ်သူ ဓာတ်ပုံဒါရိုက်တာ ရဲမြင့်လွင်ဟာ ဖေဖော်ဝါရီ ၁ ရက် ည ၇ နာရီ ၃၀ မိနစ်က ထိုင်းနိုင်ငံ မဲဆောက်ရှိနေအိမ်မှာ အစာအိမ်သွေးကြောပေါက်ပြီး ကွယ်လွန်သွားပြီဖြစ်တယ်လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

“ထိုင်းနိုင်ငံ မဲဆောက်မှာရှိတဲ့ နေအိမ်မှာ ဖေဖော်ဝါရီ ၁ ရက် ည ၇ နာရီ ၃၀ မိနစ်က ဆုံးသွားတာပါ။ မနက်ဖြန် ဖေဖော်ဝါရီ ၃ ရက်မှာ သင်္ဂြိုလ်ပါမယ်”လို့ မိသားစုဝင် တစ်ဦးကပြောပါတယ်။

အသက် ၆၁ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ ဓာတ်ပုံဒါရိုက်တာရဲမြင့်လွင်နဲ့ ပတ်သတ်ပြီး အနုပညာရှင်တွေ အတတ်ပညာရှင်တွေနဲ့ မိတ်ဆွေတွေကလည်း ဝမ်းနည်းကြောင်းစာတွေ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသား ဖော်ပြထားကြပါတယ်။

ဓာတ်ပုံဒါရိုက်တာ ရဲမြင့်လွင်ရဲ့ ရုပ်ကလာပ်ကိုတော့ ဖေဖော်ဝါရီ ၃ ရက် မနက် ၁၀ နာရီမှာ မဲ့ကဆာ ခရစ်ယာန်သင်္ချိုင်းမှာ ဝတ်ပြုဆုတောင်းမှာဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ပုံဒါရိုက်တာ ရဲမြင့်လွင်ကတော့ အနုပညာလောကမှာ ဗီဒီယို၊ ကာရာအိုကေခေတ်ဦး ရိုက်ကူးခဲ့သူဖြစ်ပြီး ဓာတ်ပုံ ဆလိုက်ဖလင်တွေ ရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။

သူဟာ ကဗျာဆရာ ၊ ဓာတ်ပုံသတင်းထောက်(ငြိမ်း)၊ တေးရေးဆရာဖြစ်သူ မော်တင်မျိုးကျင်နဲ့ မိတ်ကပ်ပညာရှင်၊ ဓာတ်ပုံမော်ဒယ် ယဉ်ယဉ်မြင့်တို့ရဲ့ သားဖြစ်ပြီးတော့ စိုင်းထွဋ်အာကာ (ခ) တင်မျိုးအောင် (Director of Photography & Cinematographer / Editor) ရဲ့ ဇနီးနန်းအေးအောင်၊ ကိုမျိုးလွင်ဦးနဲ့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် မိုခမ်းတို့ရဲ့ အစ်ကိုလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *