October 19, 2024

၂.၂.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ဒေါ်လာ တစ်ဘီလျံဖိုးရှိ ငွေကြေးအရှုပ်တော်ပုံတွင် လာဘ်ပေးလာဘ်ယူမှုဖြင့် ပါဝင်ခဲ့သည်ဟု တရားစွဲဆိုခံရကာ ထောင်ဒဏ် ၁၂ နှစ်အပြစ်ပေးခံရပြီး အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရသော မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်၏ပြစ်ဒဏ်ကို အယူခံဘုတ်အဖွဲ့က ထောင်ဒဏ် ၁၂ နှစ်မှ ခြောက်နှစ်သို့ လျှော့ချပေးခဲ့ကြောင်းသတင်းများအရ သိရသည်။

အသက် ၇၀ ရှိပြီဖြစ်သော နာဂျစ်အနေဖြင့် ၂၀၂၈ ခုနှစ်၊ ဩဂုတ်လတွင် ပြန်လည်လွတ်မြောက်မည်ဖြစ်ကာ ၎င်းအပေါ်ချမှတ်ထားသည့် ငွေဒဏ်ကိုလည်း ရင်းဂစ်ငွေ သန်း ၂၁၀ မှ ရင်းဂစ်ငွေ သန်း ၅၀(ဒေါ်လာ ၁၀ ဒသမ ၅၉ သန်း) သို့ လျှော့ချခဲ့ကြောင်း အယူခံဘုတ်အဖွဲ့က ပြောခဲ့သည်။

နာဂျစ်အနေဖြင့် မလေးရှားဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီကြီးတစ်ခုနှင့်ဆက်စပ်၍ နိုင်ငံပိုင်ဘဏ္ဍာငွေများကို တန်ဖိုးကြီး အပျော်စီးသင်္ဘောကြီးတစ်စီးဝယ်ယူမှု၊ တန်ဖိုးကြီး ဇိမ်ခံပစ္စည်းဥစ္စာများဝယ်ယူမှုနှင့် နာမည်ကြီး အမေရိကန်သရုပ်ဆောင် လီယိုနာဒို ဒီကာပရီယို ပါဝင်သည့် Wolf of Wall Street ရုပ်ရှင်ကား ထုတ်လုပ်ရေးတို့အတွက် အသုံးပြုခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက ပြောခဲ့ကြသည်။

စုံစမ်းစစ်ဆေးသူများက ဒေါ်လာ ၄ ဒသမ ၅ ဘီလျံမှာ အခိုးခံခဲ့ရပြီး ဒေါ်လာသန်းရာပေါင်းများစွာမှာလည်း နာဂျစ်နှင့်ဆက်စပ်နေသော ဘဏ်အကောင့်များတွင် ရောက်ရှိနေခဲ့ကြောင်း ပြောခဲ့ကြသည်။

Ref- Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *