October 19, 2024

၂. ၂. ၂၀၂၄
Written By Thandar

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲကို မနက်ဖြန်ဖေဖော်ဝါရီ ၃ ရက်နေ့မှာ နေပြည်တော်ရှိ နေပြည်တော် MICC 1 မှာ ကျင်းပမယ့်မြင်ကွင်းတချို့ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီ ရရှိနိုင်သူမယ့်လို့ ပရိသတ်အကြားမှာ လတ်တလော ရေပန်းစားနေသူတွေကတော့ အကယ်ဒမီ ရန်အောင် ၊ နေဝင်း၊ နက္ခတ် ၊ ပိုင်တံခွန် ၊ ရဲရင့်အောင် ၊ အကယ်ဒမီ နေတိုး ၊ အကယ်ဒမီ မြင့်မြတ် ၊ အကယ်ဒမီ စိုးမြတ်သူဇာ ၊ မေမြင့်မိုရ် ၊ အကယ်ဒမီ သက်မွန်မြင့် ၊ အကယ်ဒမီ ခင်ဝင့်ဝါ ၊ မိုးဟေကို စတဲ့သူတွေ ရမယ်လို့ ကြားနေရတာလည်း ဖြစ်ပါတယ်။

အနုပညာရှင်တွေရဲ့ မှတ်တိုင်တစ်ခုလို့ သတ်မှတ်ထားကြတဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် ပရိသတ်စိတ်ဝင်စားမှု ခံနေရတဲ့ သရုပ်ဆောင် အနုပညာရှင် အတတ်ပညာရှင်တွေရဲ့ တကယ့်ကို စိတ်လှုပ်ရှားစရာ အချိန်ကို ရောက်ရှိနေကြပြီလည်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား၃၅ ကား အနက်ကနေ ဆန်ကာတင် ဇာတ်ကား ၁၂ ကားကို အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရေးအဖွဲ့ကနေ စိစစ်ရွေးချယ်ထားပြီး ဒီဇာတ်ကားတွေထဲက အကယ်ဒမီ ရရှိသူတွေ စာရင်းကို ချိပ်ပိတ်ပြီး ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းမှာ အကယ်ဒမီရရှိသူကို ထူးချွန်ဆုချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။

အကယ်ဒမီ ရွှေစင်ရုပ်တုမှာ တပ်ဆင်မယ့် ရွှေကြယ်တွေနဲ့ အကယ်ဒမီပေးပွဲ တက်ရောက်လာကြမယ့် အကယ်ဒမီဆုရ အနုပညာရှင်၊ အတတ်ပညာရှင်တွေအတွက် ရွှေစင်ရုပ်တုရင်ထိုးတံဆိပ်တွေက ရွှေတွေကို နိုင်ငံတော်က အကုန်ကျခံပေးသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာ့ရုပ်ရှင်ဆု အကယ်ဒမီ ဆုချီးမြှင့်ပွဲ အခမ်းအနားအတွက် ရွှေကြိုမောင်မယ် အမျိုးသား ၁၃ ဦးနဲ့ အမျိုးသမီး ၁၃ ဦးတို့ကလည်း အဆိုပါ အခမ်းအနားကို ရောက်ရှိပြီး လေ့ကျင့်ရေးတွေ လုပ်ဆောင်နေပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *