October 19, 2024

၁.၂.၂၀၂၄
Written By Thandar

ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်း နေပြည်တော်ရှိ MICC 1 မှာ ကျင်းပမယ့် ၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ဘိုဘိုရုပ်ရှင်ထုတ်လုပ်ရေးနဲ့ မဟာရုပ်သံလိုင်းက ကျပ်သိန်း ၁၈၀ ကို ယနေ့ ဖေဖော်ဝါရီ ၁ ရက်က လှူဒါန်းခဲ့ပါတယ်။

“မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ကိုဘိုဘိုစန်း(Bo Bo Entertainment) ကသိန်း ၈၀ လှူဒါန်းပါတယ်။ မဟာရုပ်သံလိုင်းကလည်း ဒီပွဲကြီးအတွက် သိန်း ၁၀၀ ကိုလည်း ပါဝင်လှူဒါန်းပါတယ်” လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။

ဒ့ါအပြင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအမျိုးသားအမှုဆောင်တွေအတွက်လည်း မိုးမြတ်သူဇာမြန်မာ့ရိုးရာ ပိုးထည်ချည် ထည်နဲ့ တိုင်းရင်းသားရိုးရာဝတ်စုံလုပ်ငန်းက ပုဆိုးတွေပါ လှူဒါန်းပြီး လုံချည်၊ အင်္ကျီနဲ့ တိုက်ပုံတွေကို Sponsor ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *