၃၁. ၁. ၂၀၂၄
Translated by Htwe Ko Tun
မလေးရှားနိုင်ငံ၏ ဘုရင်သစ်အဖြစ် မလေးရှားနိုင်ငံတောင်ပိုင်း ဂျိုဟောပြည်နယ်မှ ဆူလ်တန် အီဘရာဟင်ကို ယနေ့ ဇန်နဝါရီ ၃၁ ရက်တွင် တင်မြှောက်ခဲ့ကြပြီး ၎င်းက ကွာလာလမ်ပူရှိ အမျိုးသားနန်းတော်တွင် ဘုရင်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
ဘုရင်အုပ်ချုပ်မှုစနစ်က မလေးရှားတွင် အများအားဖြင့် အခမ်းအနားဖြင့် တရားဝင်ခွင့်ပြု ကျင့်သုံးသည်။ သို့သော် ၎င်း၏ဩဇာလွှမ်းမိုးမှုက လွန်ခဲ့သည့်နှစ်များအတွင်း မြင့်တက်လာခဲ့ရာ ဘုရင်အနေဖြင့်နိုင်ငံရေး မတည်ငြိမ်မှုများကို နှိမ်နင်းရာတွင် ဖြစ်တောင့်ဖြစ်ခဲဟုဆိုရမည့်လုပ်ပိုင်ခွင့်အာဏာအချို့ကို လိုအပ်လျှင် အသုံးပြုရသည့် အခြေအနေသို့ ရောက်စေခဲ့သည်။
မလေးရှားနိုင်ငံဘုရင်စနစ်အရ မလေးရှားနိုင်ငံ တော်ဝင်မိသားစု ကိုးခု၏ အကြီးအကဲများက ဘုရင်အဖြစ် ငါးနှစ်လျှင်တစ်ကြိမ် အလှည့်ကျ တာဝန်ယူကြသည်။ အသက် ၆၅ နှစ်ရှိ ဆူလ်တန် အီဘရာဟင်က အယ်လ် ဆူတန် အဗ္ဗဒူလာ ဆူလ်တန် အာမက်ရှားထံမှ ဘုရင်အဖြစ်ဆက်ခံခြင်းဖြစ် သည်။ ဘုရင်ဟောင်းအနေဖြင့် ငါးနှစ်ကြာဘုရင်အဖြစ်တာဝန်ယူပြီးနောက် ၎င်း၏မိခင်ပြည်နယ်ဖြစ်သော ပီဟန်ပြည်နယ်သို့ ပြန်သွားခဲ့ပြီဖြစ်သည်။
ဘုရင်စနစ်က နိုင်ငံရေးလောက၏အထက်တွင်ရှိနေသည်ဟု သုံးသပ်ရနိုင်သော်လည်း ဆူလ်တန် အီဘရာဟင်က တဲ့တိုး ပွင့်ပွင့်လင်းလင်း ရှိပြီး ဟိတ်ဟန်များလွန်းကာ နိုင်ငံ၏ နိုင်ငံရေးကိစ္စများ၌ မကြာခဏ ဝင်ရောက်ပါဝင်မှုရှိလိမ့်မည်ဟု သုံးသပ်ရသည်။
၎င်းပိုင်ဆိုင်သော များပြားလှသည့် အပျော်စီးကားများနှင့် ဆိုင်ကယ်များစုဆောင်းမှုကြောင့် ဆူလ်တန် အီဘရာဟင်က လူသိများပြီး တရုတ်နိုင်ငံက အထောက်အပံ့ပေးထားသော အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ ခန့် တန်ဖိုးရှိမည့်ဂျိုဟောပြည်နယ်အတွင်း မြေပြန်လည်ဖော်ယူမှုနှင့် ဖွံ့ဖြိုးရေးစီမံကိန်း ဖြစ်သည့် Forest City စီမံကိန်းတွင် အစုရှယ်ယာပါဝင်ခြင်းကဲ့သို့ အိမ်ခြံမြေလုပ်ငန်းမှသတ္တတွင်းလုပ်ငန်းများအထိ စီးပွားရေးလုပ်ငန်းများတွင် အကျိုးစီးပွားများ ကျယ်ပြန့်စွာပါဝင်သူလည်းဖြစ်သည်။
Ref- Bangkok Post