October 18, 2024

၃၀.၁.၂၀၂၄
Translated by Htwe Ko Tun

SAC အစိုးရနှင့် အနီးကပ်ဆက်ဆံရေးများရှိသူဟုဆိုကြသည့် မြန်မာလုပ်ငန်းရှင်သူဌေးကြီးတစ်ဦးလည်းဖြစf်သော အသက် ၅၄ နှစ်အရွယ် ဦးထွန်းမင်းလတ်အား လွန်ခဲ့သည့်တစ်နှစ်ကျော်ခန့်ကပင် မူးယစ်ဆေးဝါးမှောင်ခိုမှု၊ ငွေကြေးခဝါချမှုနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတို့ဖြင့် ဖမ်းဆီးတရားစွဲထားခဲ့ရာမှ ထိုင်းတရားရုံးတစ်ရုံးက ဇန်နဝါရီ ၃၀ ရက်တွင် အပြစ်မရှိကြောင်းစီရင်၍ တရားသေလွှတ်ပေးခဲ့ကြောင်းသိရသည်။

တရားသူကြီးက ရဲအဖွဲ့ တင်ပြခဲ့သော သက်သေအထောက်အထားများက ပြစ်မှုကျူးလွန်ကြောင်း အခိုင်အမာဆိုနိုင်ရန် အကြောင်းမရှိကြောင်း ပြောကြားခဲ့ပြီး မူးယစ်မှောင်ခိုမှုနှင့် အခြားဆက်စပ်ပြစ်မှုစွဲချက်များအပါအဝင် စွဲချက် ၃၂ ခုဖြင့် စွဲဆိုခံထားရသော ဦးထွန်းမင်းလတ်နှင့် အခြားသုံးဦးအား ပြန်လည်၍ တရားသေလွှတ်ပေးခဲ့ခြင်းဖြစ်သည်။

တရားလိုရှေ့နေအနေဖြင့် စီရင်ချက်အား အယူခံပြုလုပ်သွားနိုင်ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့က ဦးထွန်းမင်းလတ်အား ဘန်ကောက်မြို့၌ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ဖမ်းဆီးခဲ့ပြီး ထိုင်းနယ်စပ်မြို့ မယ်ဆိုင်နှင့် မြန်မာနိုင်ငံ တာချီလိတ်မြို့တို့အကြား လျှပ်စစ်ဓာတ်အားရောင်းဝယ်ရေးမှတစ်ဆင့် ငွေကြေးခဝါချမှုပြုနေသည်ဟု စွပ်စွဲခဲ့သည်။ ဦးထွန်းမင်းလတ်က ဟိုတယ်၊ စွမ်းအင်နှင့် သတ္တုတွင်းလုပ်ငန်းများတွင် အကျိုးစီးပွားများရှိသူဖြစ်ပြီး မြန်မာ့တပ်မတော်အတွက် လက်နက်အထောက်အပံ့များဝယ်ယူပေးနေခဲ့သူဟုလည်း ဆိုခဲ့ကြသည်။ ထို့ပြင် မြန်မာ့တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အနီးကပ်ဆက်ဆံမှု ရှိသူဟုလည်း သတင်းအရင်းအမြစ်သုံးခုက ပြောခဲ့သည်ကို ဖော်ပြခဲ့ကြသည်။

၂၀၂၂ ခုနှစ်တွင် ဘန်ကောက်မြို့ရှိ ကွန်ဒိုတစ်လုံးအား ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာတွင် ပိုင်ဆိုင်ခွင့် ရှိကြောင်းစာချုပ်စာတမ်းများနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သားနှင့်သမီးတို့ပိုင်ဆိုင်သော ဘဏ်စာအုပ်များ အပါအဝင် ပိုင်ဆိုင်မှုပစ္စည်းများကိုတွေ့ခဲ့သည်ဟုလည်း ဆိုသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ထိုင်းအထက်လွှတ် တော်ခဝါချမှုတို့တွင် အမတ် ဦပါခေတ် ပါချာရီရန်ကွန်မှာ ဦးထွန်းမင်းလတ်မှတစ်ဆင့် မူးယစ်ဆေးဝါ မှောင်ခို ကူးသန်းရောင်းဝယ်မှုနှင့်ငွေကြေးခဝါချမှုတို့တွင် ပူးပေါင်းကြံစည်ခဲ့သည်ဟု တရားစွဲခံခဲ့ရရာ မေလတွင် ပထမဆုံးအကြိမ် တရားရုံးကြားနာမှုပြုမည်ဖြစ်သည်။

ထိုအထက်လွှတ်တော်အမတ်၏ သားမက်မှာ ထွန်းမင်းလတ်နှင့် အတူဖမ်းဆီးခံခဲ့ရသူဖြစ်ကာ ၎င်းမှာလည်း မြန်မာစီးပွားရေးလုပ်ငန်းရှင်နှင့်အတူ ပြန်လည်၍တရားသေလွှတ်ပေးခြင်းခံရပြီဖြစ်သည်။

Ref-Business World

Leave a Reply

Your email address will not be published. Required fields are marked *