October 18, 2024

၂၀. ၁. ၂၀၂၄
translated by Htwe Ko Tun

မြောက်ကိုရီးယားက ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းတွင် အနောက်ဘက်ကမ်းရိုးတန်း ပင်လယ်ပြင်အတွင်းသို့ အမျိုးအမည်ခွဲခြားမရသော ခရုစ်ဒုံးကျည်အများအပြားကို ပစ်လွှတ်ခဲ့ကြောင်း၊ မြောက်ကိုရီးယားအနေဖြင့် တစ်ပတ်အတွင်း ခရုစ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မှု သုံးကြိမ်မြောက်ပြုလုပ်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်ဖက်ကပြောခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ စစ်ဦးစီးချုပ်များ ကြေညာချက်တွင် ဒေသစံတော်ချိန် ဇန်နဝါရီ ၃၀ ရက် နံနက် ၇ နာရီ (ဂရင်းနစ်စံတော်ချိန် ဇန်နဝါရီ ၂၉ ရက် ည ၁၀ နာရီ) တွင် မြောက်ကိုရီးယားက ဒုံးကျည်များပစ်လွှတ်ခဲ့ခြင်းဟု ဆိုခဲ့သည်။ တောင်ကိုရီးယားနှင့် အမေရိကန် ထောက်လှမ်းရေးအာဏာပိုင်များက အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြကြောင်းကြေညာချက်တွင် ဖော်ပြခဲ့သည်။

ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုများမြင့်တက်နေချိန်တွင် ဤကဲ့သို့ ဒုံးကျည်ပစ်လွှတ်မှုများကို မြောက်ကိုရီးယားက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၈ ရက်က ၎င်း၏အရှေ့ဘက်ကမ်းရိုးတန်းပင်လယ်အတွင်းသို့ ဒုံးကျည်ပစ်လွှတ်မှုများအပြီး ထပ်မံပြုလုပ်ခြင်းလည်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA က နိုင်ငံအနေဖြင့် မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည်အသစ်များကို ထပ်မံစမ်းသပ်နေကြောင်း လွန်ခဲ့သည့်အပတ်က သတင်းဖော်ပြခဲ့သည်။

Ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *