၂၉. ၁. ၂၀၂၄
Written by KL
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာ၊ ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်တွင် ဇန်နဝါရီ ၂၈ ရက် ည ၉ နာရီခန့်က မောင်းနှင်နေသော ဆိုင်ကယ်ကို ကားတစ်စီးက တိုက်၍ မောင်းပြေးသွားခဲ့ရာ ဆိုင်ကယ်မောင်းသူ သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ အသက် ၃၀ ခန့်အရွယ် အမျိုးသားမှာ နဖူးကွဲ၍ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် ပီတိနှလုံးသား လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
သေဆုံးသူ၏ရုပ်အလောင်းကို ပီတိနှလုံးသား လူမှုကယ်ဆယ်ရေးအသင်းက သိမ်ဆိပ်တိုက်နယ်ဆေးရုံ၊ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။