October 19, 2024

၂၉. ၁. ၂၀၂၄
Written By Thandar

ရွှေလင်းယုန် ထုတ်လုပ်ရေးက ထုတ်လုပ်မဲ့ Musical Drama ဇာတ်လမ်းပုံစံ “လသော်တာ ခြေဗလာနဲ့” ဇာတ်လမ်းတွဲ ကန်တော့ပွဲ‌ပေး အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၂၉ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားမှာ ပြုလုပ်ခဲ့ပါတယ်။

“ဒီဇာတ်ကားက Musical ဇာတ်လေးကို သီချင်း ၆ ပုဒ်လောက်သုံးထားပါတယ်။ Musical Drama ဇာတ်လမ်းလေးပါ။ ချင်းပြည်နယ်က တက်လာတဲ့ ကောင်မလေးရဲ့ ဘဝအခက်အခဲ အကြောင်းလေးတွေနဲ့ ပုံဖော်သွားမှာပါ”လို့ ရွှေလင်းယုန် ထုတ်လုပ်သူ Salai Mei Paw က ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်းနဲ့ ဇာတ်ညွန်း ယွန်းသခင် ၊ DOP အောင်နိုင် ၊ Art Director ဇော်ဇော် ၊ ဒါရိုက်တာ ရဲရင့်သစ္စာက ဇန်နဝါရီ ၃၀ ရက်မှာ စတင်ပြီး အမြန်လမ်းနဲ့ ရန်ကုန်မြို့တို့မှာ သရုပ်ဆောင် ရှိန်းတင်ထူး ၊ ခန့်ကျော်၊ ဖီးဖီးမရာ ၊ လားဒင့်ထားရီ ၊ ဟန်ဆက်လူ ၊ ဦးဇော်ဝင်းနိုင်(မန်း) ဒေါ်ခင်မို့မို့အေး၊ မျိုးမျိုးခိုင် ၊မင်းညီ၊ ထက်လင်း စသူတို့နဲ့ ရိုက်ကူးသွားမှာဖြစ်ပါတယ်။

“ဒီဇာတ်လမ်းတွဲမှာ အချစ်နဲ့ပတ်သက်ပြီး အရမ်းချစ်တတ်တဲ့ ကောင်လေး ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ ရို့မန့်ဆိုတော့ ကျွန်တော့်အနေနဲ့ ဒီဇာတ်ကားပေါ်မှာ အကောင်းဆုံးပါဝင်သွားပါ့မယ်။ အရမ်းမျှော်လင့်ချက်ကြီးရယ်လို့ ထားမထားပါဘူး”လို့ သရုပ်ဆောင် ရှိန်တင်ထူးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *