October 20, 2024

၂၉. ၁. ၂၀၂၄
Written by Pan Ei

ထိုင်း-မြန်မာနယ်စပ်အနီးမှာ မူးယစ်မှောင်ခိုသမားတွေနဲ့ ထိုင်းစစ်တပ်တို့ မနေ့က ဇန်နဝါရီ ၂၈ ရက်မှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားအပြီး စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၅ သန်းကို ထိုင်းစစ်တပ်က သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းအခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဖာမွန်အထူးတပ်ဖွဲ့က လက်ထောက်တပ်မှူး ကော်ကီဒါကွန်ချန်ထရာက မူးယစ်ဆေးဝါးတွေဟာ ကျောပိုးအိတ် ၂၅ အိတ်မှာ တစ်အိတ်စီကို ဆေးပြား ၁၀၀,၀၀၀ စီပါရှိတာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး တနင်္ဂနွေနေ့ မနက်အစောပိုင်းက စစ်သားတွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ထွက်ပြေးလာတဲ့ မှောင်ခိုသမားတွေက အိတ်တွေကို စွန့်ပစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းစစ်တပ်နဲ့ မူးယစ်မှောင်ခိုသမားတွေဟာ နှစ်ဖက်စလုံးက သေနတ်တွေနဲ့ ၁၀ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ သိရသလို ကျူးကျော်သူတွေ ဆုတ်ခွာသွားပြီးနောက် စစ်သားတွေက အိတ်တွေကို တွေ့ရှိခဲ့ခြင်းဖြစ်ကာ မနေ့က ပစ်ခတ်မှုမှာ လူအသေအပျောက်တော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

Ref; Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *