October 20, 2024

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့

၂၉. ၁. ၂၀၂၄
Written by Hey Mar

Nissan အမျိုးအစား ကုန်တင်ယာဉ်နဲ့ ဆီဘောက်ဆာယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိ​ရာက ဆီဘောက်ဆာယာဥ်မောင်း နေရာတင်သေဆုံးခဲ့ပြီး ယာဥ်နောက်လိုက် အပြင်းအထန်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူ-ရန်ကုန်ကားလမ်းမှာ ဒီနေ့မနက် ၅ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ဇန်နဝါရီ ၂၉ ရက် မနက် ၅ နာရီ ၃၀ မိနစ် ဝန်းကျင်အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူ-ရန်ကုန်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၄/၂)နဲ့ (၁၄/၃) ကြားမှာ ဖြစ်ပွားခဲ့ပြီး ယာဥ်လမ်းကြောအပေါ်​ကနေ မောင်းနှင်လာတဲ့ ဆီဂါလံ ၃၀၀၀ အပြည့်တင်ဆောင်လာတဲ့ ဆီဘောက်ဆာယာဥ်ကို တစ်ဖက်ယာဥ်ကြောရဲ့ ယာဥ်လမ်းကြော အပေါ်ကြောကနေ တက်ပြီးမောင်းနှင်လာတဲ့ Nissan အမျိုးအစားကုန်တင်ယာဥ်တို့နှစ်စီးဟာ မြူနှင်းတွေ ပိတ်နေတဲ့အချိန်လည်း ဖြစ်တာကြောင့် မျက်နှာချင်းဆိုင်တိုက်မိတာလို့ ဖြစ်စဥ်ကို မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ပုဏ္ဏမာ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ အသင်း တာဝန်ရှိသူက”ဆီဘောက်ဆာယာဥ်က တုံးလုံးလဲသွားတယ်။ ယာဥ်မောင်းသေဆုံးပြီး ယာဥ်အကူက ညပ်နေလို့ ကျွန်တော်တို့ ဓနုဖြူ မီးသတ်တပ်ဖွဲ့ကယ်ဆယ်ရေးကို အကြောင်းကြားပြီး စနစ်တကျ ကယ်ထုတ်ပါတယ်။ ပြီးတော့ ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ယာဥ်အကူကို ဓနုဖြူဆေးရုံဆီ ပို့ပေးခဲ့ပါတယ်။ ဆီဘောက်ဆာယာဥ်ကနေ ဆီယိုစိမ့်ခဲ့တဲ့အတွက် အနီး ပတ်ဝန်းကျင်ရွာက လူတွေကို ဆီနံ့ရနေတဲ့နေရာတဝိုက် ဆေးလိပ်မသောက်ဖို့ မီးခြစ်မခြစ်ဖို့ လိုက်လံ သတိပေးခဲ့ပါတယ်”လို့ MT News ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *