October 18, 2024

၂၉. ၁. ၂၀၂၄
Written by Hey Mar

လမ်းပေါ် ကန့်လန်ဖြတ်ဖြစ်နေတဲ့ ကရိန်းယာဥ်ကို တည့်ကြောကလာတဲ့ တက္ကစီက အရှိန်နဲ့ တိုက်မိရာက တက္ကစီပေါ်ပါ အမျိုးသားသုံးဦးအနက် နှစ်ဦးစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့တဲ့ ဖြစ်စဥ် မနေ့က ဇန်နဝါရီ ၂၈ ရက် ည ၇ နာရီဝန်းကျင်က ဘုရင့်နောင်လမ်းပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြောက်ဥက္ကလာအရန်မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။

ဖြစ်စဥ်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ၁၄ ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ အုတ်ကျင်းဘူတာရုံလမ်းထိပ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါဖြစ်စဥ်ကြောင့် တက္ကစီယာဥ်မောင်းကားအတွင်း ညပ်နေခဲ့လို့ လှိုင်မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၁)စီးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။

မြောက်ဥက္ကလာပ အရန်မီးသတ်တာဝန်ရှိသူက”ကျွန်တော်တို့က အနီးအနားမှာရှိနေတဲ့အတွက် ကူညီလိုက်နိုင်တာ။ တက္ကစီပေါ်မှာ ယာဥ်မောင်းအပါ အမျိုးသားသုံးဦးပေါ့။ နောက် နှစ်ယောက်မှာ တစ်ယောက်က ဦးခေါင်းထိခိုက်ပြီး စိုးရိမ်ရတယ်။ ယာဥ်မောင်းကတော့ အခြေအနေက အနီရောင်အဆင့်ပါ။ တစ်ယောက်ကတော့ ဘာမှ ထိခိုက်မိတာ မရှိဘူးလို့” MT News ကို ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားသုံးဦးအနက် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နဲ့ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့ကို ရွှေရောင်သမိုင်းသူနာတင်ယာဉ်နဲ့ အင်းစိန်ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *