October 18, 2024

၂၉. ၁. ၂၀၂၄
Written By Thandar

ရွှေစည်တော်ထုတ်လုပ်ရေးရဲ့ ဒရာမာဇာတ်လမ်းပုံစံ “ရင်ဖွင့်ပြချင်သည်” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၂၉ ရက် မနက် ၇ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားမှာ ကျင်းပခဲ့ပါတယ်။

“မိန်းကလေးတစ်ယောက်ရဲ့ ဘဝအကြောင်းလေးကို ပညာပေးလေးရယ် ငွေကြေးနောက်လိုက်ရင် ဖြစ်တတ်တဲ့ သဘောသဘာဝ‌ပေါ့။ အိမ်အကူလေးတွေရဲ့ ဇာတ်ဆိုတော့ ဇာတ်ညွှန်းဖတ်ရင် စိတ်မွန်းကြပ်တာလေး ဖြစ်မိတယ်။ ပရိသတ်အတွက် တစ်မျိုးလေးမြင်ရမယ့် ဒရာမာဇာတ်လေးပါ” လို့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်(အရုဏ်ဦး)က ပြောပါတယ်။

ဇာတ်လမ်း အထင်ကရ၊ ဇာတ်ညွန်း မယ်ခိုင်ရေးသားထားပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်(အရုဏ်ဦး)က ယနေ့ ဇန်နဝါရီ ၂၉ ရက်ကစတင်ပြီး ရန်ကုန်မြို့မှာ အပိုင်း ၂၀ စာရိုက်ကူးမှာ ဖြစ်ပါတယ်။

“ဒီကားမှာ ဦးရန်အောင်နဲ့ တွဲပြီး ရိုက်ရမှာမို့ နည်းနည်းကြောက်တယ်။ ကိုယ်ကချွဲပြီး အရမ်း အမြတ်ကတ်စရာကောင်းတဲ့ ကောင်မလေးပေါ့။ အပြင်မှာ ကိုယ့်က မချွဲတတ်တော့ အခက်တော့တွေ့တယ်။ ဒီကားထွက်ရင် ပရိသတ်မမုန်းကြပါနဲ့လို့ ကြိုပြောချင်ပါတယ်” လို့ သရုပ် ဆောင် သင်းသဲဗိုက ပြောပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ ရန်အောင်၊ အောင်ရေချမ်း၊ ရတနာဗို၊ သင်းသဲဗို၊ သဇင်ထူးမြင့်၊ ခြူးစစ်ဟန်၊ ယွန်းရွှေရည်၊ အေးသီတာ စတဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *