October 18, 2024

၂၈. ၁. ၂၀၂၄
Written by KL

ရန်ကုန်တိုင်း​ဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့ နယ်၊ ပြင်စည်မင်းသားကြီးလမ်း၊ စက်မှုဇုန်အပိုင်း(၄)၊သွပ်ပြားစက်ရုံရှေ့တွင် ဇန်နဝါရီ ၂၈ ရက် နံနက် ၁၁ နာရီခွဲခန့်က မော်တော်ယာဥ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် Hyundai Porter – II အဖြူရောင်မော်တော်ယာဥ်မှာ မောင်းနှင်လာစဥ် အင်ဂျင်ခန်းအတွင်းမှ ဝါယာကြိုးထုပ်ပေါက်၍ မီးစထွက်ရာမှ အပူခံဖော့ပြားများသို့ မီးကူးစက်၍ လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်ရ သိရသည်။

မီးလောင်မှုကြောင့် လေကာမှန်၊ တာယာများ၊ ကားအတွင်းခန်း ထိုင်ခုံ ၄ လုံး၊ ဒက်ရှ်စ်ဘုတ်၊ အင်ဂျင်ခန်းရှိ ဝါယာကြိုးများ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁ စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၁၃ ဦးတို့က ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၄၈ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *