October 18, 2024

၂၈. ၁. ၂၀၂၄
Written by Zaw Moe

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အတွင်းသို့ ဝင်ရောက်နေရာယူထားသည့် KIA၊ TNLA နှင့် PDF များအား တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ချေမှုန်းပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်‌‌‌ရေးအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ဇန်နဝါရီ ၁၈ ရက်မှစတင်၍ KIA၊ TNLA နှင့် PDF များက မိုးမိတ်မြို့ လုံခြုံရေးစခန်းများအား အင်အားအလုံး အရင်းဖြင့် တိုက်ခိုက်လာခဲ့ပြီး မြို့နှင့်အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ ဆေးရုံနှင့် စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း စသည့်အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။

ယင်းကဲ့သို့ ဆောင်ရွက်နေသည့် KIA၊ TNLA နှင့် PDF များအား တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းစစ်ဆင်ရေး (Counter-Terrorism Operation) ကို စစ်ကူ၊ စစ်ကြောင်းများ၊ အမြောက်နှင့် လက်နက်ကြီးပစ်ကူများဖြင့် ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ (၁၆) ကြိမ် ဖြစ်ပွားခဲ့ပြီး မိုးမိတ်မြို့အား ဇန်နဝါရီ ၂၇ ရက် (ယမန်နေ့)တွင် တပ်မတော်က ပြည်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *