October 18, 2024

၂၈. ၁. ၂၀၂၄
Written by Nay Aung

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့ ထိစပ်နေသည့် နယ်စပ်ဒေသတစ်လျှောက်ကို လုံခြုံရေး တပ်လှန့်ထားရကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန် မာမွတ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ရောက်ရှိနေသည့် ဘင်္ဂါလီများကို မြန်မာနိုင်ငံသို့ပြန်ပို့ရေးကြိုးပမ်းမှုများအပေါ် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုများရှိလာစေခဲ့ကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

သို့သော်လည်း နိုင်ငံတကာအဖွဲ့အစည်းများက မြန်မာနိုင်ငံကို ဖိအားပေးမှုများလုပ်ဆောင်နေမည်ဆိုလျှင် မြန်မာအစိုးရသည် ဘင်္ဂါလီများကို ပြန်လည်ခေါ်ယူမည်ဟု မျှော်လင့်ထားကြောင်း ဝန်ကြီး ဟာဆန်က ထုတ်ဖော်ပြောဆိုသည်။

“ကျွန်တော်တို့ဟာ ဘင်္ဂါလီတွေကို ပြန်ပို့နိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမြဲတမ်းကြိုးပမ်းနေတယ်။ ဘင်္ဂါလီတွေ ပြန်ပို့ရေးက တစ်ခုတည်းသောအဖြေအဖြစ် ရှိနေမယ်” ဟု ဟာဆန်ကပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလက တိုက်ပွဲများဖြစ်ပွားမှု အရှိန်မြင့်တက်လာမှုနှင့်အတူရခိုင်ပြည်နယ်တွင်လည်း ဒီဇင်ဘာလနောက်ပိုင်းတည်းက တိုက်ပွဲများ ပိုမိုဖြစ်ပွားလာနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *