October 18, 2024

၂၈. ၁. ၂၀၂၄
Written by Nay Aung

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က အမျိုးသမီးတစ်ဦးဟာ ကမ္ဘာတဝှမ်းရှိ အမျိုးသမီးတွေထဲမှာလက်အမွေး အရှည်ဆုံး အမျိုးသမီးတစ်ဦးအဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်နေတဲ့ မာစီဒါးဗစ်ဆန်းဒါးလန်းရဲ့ လက်မှာပေါက်နေတဲ့ လက်မွေးဟာအခြားသူတွေနဲ့မတူဘဲ လက်မွေးတစ်ချောင်းတည်းက သီးခြားရှည်ထွက်နေတာမျိုးဖြစ်ပြီး အဲဒီလက်မွေးရဲ့အရှည်ဟာ ၇ ဒသမ ၂၄ လက်မရှိကြောင်း သိရပါတယ်။

သူမက အထက်တန်းကျောင်းတက်ချိန်အထိ လက်မွေးတွေထဲမှာ တစ်ပင်တည်း သီးခြားရှည်ထွက်နေတာကို သတိမထားမိခဲ့ဘဲ သူငယ်ချင်းဖြစ်သူက သတိထားမိပြီးပြောချိန်ရောက်မှ လက်မှာရှိတဲ့ လက်မွေးတွေထဲက တစ်ပင်တည်း သီးခြား ရှည်ထွက်နေတာကို သတိထားမိခဲ့ပါတယ်။

“ကျွန်မရဲ့သူငယ်ချင်းဖြစ်သူဟာ လက်မှာ တစ်ပင်တည်း သီးခြားရှည်ထွက်နေတာကို သတိထားမိပြီး နှုတ်ပစ်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မက လက်မခံဘဲ ကမ္ဘာ့စံချိန်တင်နိုင်အောင် ဆက်လက်ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ခဲ့တယ်” လို့ သူမက ပြောပါတယ်။

လက်မွေးတစ်ပင်တည်းအရှည်ဆုံး စံချိန်ကို ရရှိနိုင်ဖို့ အရှည် ၅ ဒသမ ၅၉ လက်မသာရရှိဖို့ လိုအပ်ပေမယ့် သူမက ကမ္ဘာစံချိန်အသစ်တွေကိုရရှိအောင် လက်မှာရှိတဲ့အမွေးတွေထဲက တစ်ပင်တည်းရှည်ထွက်နေတဲ့အမွေးကို ဆက်လက်ရှည်အောင် ထားရှိခဲ့တာဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း သူမရဲ့လက်မှာရှိနေတဲ့အမွေးတွေထဲက တစ်ချောင်းတည်းသောလက်မွေးက အရှည် ၇ လက်မကျော်ရှိနေခဲ့ပြီး လက်ရှိအချိန်မှာတော့ ၇ ဒသမ ၂၄ လက်မရှိခဲ့ကြောင်း လက်မွေးအရှည်ဆုံးဂင်းနစ်စံချိန်ဝင် သူမက ပြောပါတယ်။

Ref upi

Leave a Reply

Your email address will not be published. Required fields are marked *