October 18, 2024

၂၈. ၁. ၂၀၂၄
Written by Nay Aung

အမေရိကန်နိုင်ငံသား ဂရက် ဖော်စတာအမည်ရှိ အမျိုး သားဟာ ဂင်းနစ်စံချိန် ရရှိနိုင်ဖို့အတွက် ကမ္ဘာပေါ်ရှိ ငရုတ်သီးတွေထဲမှာ အစပ်ဆုံးငရုတ်သီး ၁၀ တောင့်ကို စက္ကန့် ၃၀ အတွင်း စားပြခဲ့ကြောင်း သိရပါတယ်။

ဖော်စတာဟာ ကမ္ဘာ့အစပ်ဆုံးငရုတ်သီးတစ်မျိုးဖြစ်တဲ့ အိန္ဒိယနိုင်ငံငရုတ်သီး Bhut Jolokia ငရုတ်သီးကို စားပြခဲ့တာဖြစ်ပြီး အဲဒီရုပ်သံဖိုင်ကို ဂင်းနစ်မှတ်တမ်းစောင့်ကြည့်ရေးအဖွဲ့က Instagram လူမူကွန်ရက်မှာတင်ခဲ့ကြောင်း သိရပါတယ်။

ဂင်းနစ်စံချိန်စောင့်ကြည့်လေ့လာရေးအဖွဲ့က ” ဖော်စတာ ဟာ ကမ္ဘာ့အစပ်ဆုံး ငရုတ်သီး ဖြစ်တဲ့ Bhut Jolokia ငရုတ်သီး ၁၀တောင့်ကို အမြန်ဆုံးစားပြနိုင်ခဲ့တယ်။ ဖော်စတာဟာ အဲဒီငရုတ်သီးကို စက္ကန့် ၃၀ ဒသမ ၀၁ စက္ကန့်နဲ့ ကုန်အောင်စားပြခဲ့တယ်” လို့ပြောပါတယ်။

ဖော်စတာဟာ ကမ္ဘာ့အစပ်ဆုံးငရုတ်သီးတွေကို စားပြပြီး အံအားသင့်ဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့လို့ ဂင်းနစ်စံချိန်ရဖို့ အလားအလာများနေပါတယ်။ဖော်စတာဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းက ကယ်လီဖိုးနီးယားပြည်နယ်မှာကျင်းပတဲ့ ငရုတ်သီးအစားပြိုင်ပွဲမှာ Carolina Reaper chillies ငရုတ်သီး သုံးတောင့်ကို အမြန်ဆုံးစားပြနိုင်တဲ့စံချိန်ကို ရရှိခဲ့ဖူးပြီး အဲဒီအချိန်တုန်းက အစပ်ဆုံးငရုတ်သီး သုံးတောင့်ကို ၈ ဒသမ ၇၂ စက္ကန့် နဲ့ ကုန်အောင်စားပြခဲ့ဖူးကြောင်း သိရပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ဖော်စတာဟာ ကမ္ဘာ့အစပ်ဆုံးငရုတ်သီး ဖြစ်တဲ့ Bhut Jolokia ငရုတ်သီးတွေကို အများဆုံးစားပြနိုင်သူအဖြစ် စံချိန်တင်ခဲ့ဖူးပါတယ်။

Ref news18

Leave a Reply

Your email address will not be published. Required fields are marked *