October 18, 2024

၂၈.၁.၂၀၂၄
Written by KL

ရန်ကုန်တိုင်း​ဒေသကြီး၊​ မရမ်းကုန်းမြို့နယ်၊ အမှတ်( ၂)ရပ် ကွက်၊ အောင်ဇေယျလမ်းတွင် ဇန်နဝါရီ ၂၈ရက် နံနက် ၈ နာရီခွဲခန့်က ဆောက်လက်စ ၅ ထပ်တိုက်၏ ငြမ်းပေါ်မှ အလုပ် သမားတစ်ဦး ပြုတ်ကျခဲ့ရာ ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် ဆေးရုံပေါ်၌ သေဆုံးသွားပြီဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများ​၏ ပြောကြားချက်အရ သိရသည်။

ငြမ်းပေါ်မှ ပြုတ်ကျသော အလုပ်သမားမှာ အသက် ၄၀ ကျော်အရွယ်ရှိပြီး ဦးမင်းနိုင်ဆိုသူ ဖြစ်ကြောင်း၊ ငြမ်းပေါ်မှပြုတ်ကျသဖြင့် မျက်နှာတစ်ခြမ်းပွန်းပဲ့ဒဏ်ရာနှင့် ဘယ်ဘက်လက်ကျိုးကာ သွေးထွက်လွန်နေသဖြင့် စိုးရိမ်ရကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သည့် ရတနာမိုးလူမှုကူညီအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“အလုပ်သမားက ငြမ်းပေါ်တက်ရင်း တူပြုတ်ကျလို့ လှည့်ကောက်တာနဲ့တူပါတယ်။ တိုက်အောက်ကို ဖင်ထိုင်လျက်ကျပြီး ဘေးကိုပက်လက်လန်ကျသွားတာ။ မျက်နှာတစ်ခြမ်းက ပွန်းပဲစုတ်ပြဲသွားတယ်”ဟု ရတနာမိုးလူမှုကူညီအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဒဏ်ရာရရှိသူ အလုပ်သမားကို အင်းစိန်ပြည်သူ့ဆေးရုံသို့ ရတနာမိုးလူမှုကူညီအသင်းမှ အသင်းဝင် ၂ ဦးဖြင့် ပို့ဆောင်ကူညီပေးခဲ့ပြီး နေ့လည် ၁၂ နာရီတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *