October 18, 2024

၂၈.၁.၂၀၂၄
Translated by Htwe Ko Tun

မြန်မာနိုင်ငံ၏ နစကအစိုးရအနေဖြင့် လာအိုနိုင်ငံ၊ လွမ်ပရာဘန်မြို့တွင် ယနေ့ ဇန်နဝါရီ ၂၈ ရက်၌ စတင်ကျင်းပမည့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ နိုင်ငံရေးနှင့်မသက်ဆိုင်သောကိုယ်စားလှယ်တစ်ဦးအဖြစ် အဆင့်မြင့်အရာရှိတစ်ဦးကိုစေလွှတ်ရန် ရည်ရွယ်ကြောင်း သံတမန်သတင်းရပ်ကွက်များကပြောကြားခဲ့သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနအဆင့်မြင့်အရာရှိတစ်ဦးအား လွမ်ပရာဘန်မြို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့စေလွှတ်ခြင်းက မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံ့အာဏာကို ခေတ္တထိန်းသိမ်းခဲ့ခြင်း၏ သုံးနှစ်မြောက်နှစ်ပတ်လည်နေ့မတိုင်မီတွင်လည်း ဖြစ်သည်။

အာဆီယံအဖွဲ့ဝင်များက အာဆီယံအဆင့်မြင့်အစည်း အဝေးများသို့ မြန်မာနိုင်ငံအား နိုင်ငံရေးနှင့် မသက်ဆိုင်သော ကိုယ်စားလှယ်တစ်ဦးကိုသာ တက်ရောက်ခွင့်ပြုရန် ၂၀၂၁ ခုနှစ် အောက်တိုဘာလက ဆုံးဖြတ်ခဲ့ပြီးနောက် မြန်မာအစိုးရကလည်း အာဆီယံ၏ဝန်ကြီးအဆင့်အစည်းအဝေးများကို တက်ရောက်ခြင်းမပြုဘဲ သပိတ်မှောက်ခဲ့သည်။

အစောပိုင်းတွင် မြန်မာအစိုးရက ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးကို စေလွှတ်ရန်ကြိုးစားခဲ့သော်လည်း အချို့ အာဆီယံနိုင်ငံများက ကန့်ကွက်ခဲ့ကြသေးသည်။ ၂၀၂၄ ခုနှစ်တွင် လာအိုက အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူခဲ့ပြီးနောက်တွင်မူ မြန်မာအစိုးရနှင့်ပြန်လည်ဆက်သွယ်မှုပြုရန် လိုလားလျက်ရှိကြောင်း သိရသည်။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *