October 18, 2024

၂၈.၁.၂၀၂၄
Written By Thandar

ကာရိုက်တာ မျိုးစုံပီပြင်မှုကြောင့် ပရိသတ်အားပေးမှုရရှိထားတဲ့ မင်းသား နေတိုးရဲ့ သားဂုဏ်ရှိန်တိုး @Sunshine’s ရဲ့ အမည်ပေး ကင်ပွန်းတပ်နဲ့ (၁)နှစ်ပြည့်မွေးနေ့ မင်္ဂလာပွဲကို ဇန်နဝါရီ ၂၇ ရက်က Novotel Yangon Max Hotel မှာ ကျင်းပခဲ့ပါတယ်။

“မြေးလေး ဂုဏ်ရှိန်တိုး တစ်နှစ်မြောက်မွေးနေ့မှသည် နှစ်တစ်ရာတိုင်ပါစေ။ မိဘရဲ့ဂုဏ်ရှိန်ကို တိုးစေမယ့် သားကောင်းရတနာ ဖြစ်ပါစေ။ မြင်သူတိုင်းချစ်ခင်၊ ပျော်ရွှင်သောဘဝနဲ့ စိတ်တိုင်းကျပါစေ မြေးလေးရေ။ ဖိုးဖိုးလာလို့မရသေးလို့ အဝေးကပဲ ဆုတောင်းပေးလိုက်တယ် မြေးလေးရေ” လို့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)ကပြောပါတယ်။

အဆိုပါ မွေးနေ့ အခမ်းအနားမှာတော့ အနုပညာရှင်တွေဖြစ်တဲ့ ကျော်ကျော်ဗိုလ် ၊ ထွန်းထွန်း ၊ နေမျိုးအောင် ၊စည်ဖြိုး ၊ ဝတ်မှုန်ရွှေရည် ၊ အိချောပို ၊မေပန်းချီ ၊ ခင်လွှမ်း စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *