October 18, 2024

၂၈. ၁. ၂၀၂၄
Written by Nay Aung

အိန္ဒိယနိုင်ငံရှိ မီဇိုလူမျိုးတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး AA လက်နက်ကိုင်အဖွဲ့ဝင်ဟုဆိုသည့် မြန်မာနိုင်ငံသား ၄ ဦးကို ဇန်နဝါရီ ၂၆ ရက်နေ့က မီဇိုရမ်ပြည်နယ်တောင်ပိုင်း Siaha မြို့စွန်အကျဉ်းထောင်ထဲသို့ ပို့ဆောင်ခဲ့ကြောင်း မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ပြောသည်။

သေဆုံးခဲ့သူသည် မီဇိုရမ်ပြည်နယ် Siaha မြို့တွင်နေထိုင်သည့် KL Zoasha ဆိုသူဖြစ်ပြီး ၎င်းသည် ဇန်နဝါရီ ၂၅ ရက်နေ့က မြန်မာနိုင်ငံငံသားများနှင့်တွေ့ဆုံရန် မီဇိုရမ်ပြည်နယ်နယ်စပ်ဒေသဖြစ်သော Lawngtlai မြို့သို့ သုံးဘီးဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ကြောင်း မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ၎င်း၏မိသားစုဝင်များသည် ဇန်နဝါရီ ၂၅ ရက်နေ့ ညပိုင်းအချိန်အထိ KL Zoasha ပြန်မလာသည့်အတွက် စိုးရိမ်မှုများဖြစ်ခဲ့ရပြီး ဖုန်းဆက်ချိန်တွင်လည်း စက်ပိတ်ထားကြောင်း၊ ဇန်နဝါရီ ၂၆ ရက်နေ့နံနက်ပိုင်းတွင် KL Zoasha သွားရောက်မည့်နေရာကို လိုက်လံသွားခဲ့ရာ Siaha မြို့အစွန်တွင် သုံးဆီးဆိုင်ကယ်ကိုတွေရှိခဲ့ကြောင်း မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ပြောသည်။

KL Zoasha ကို ထပ်မံရှာဖွေခဲ့ရာ Lawngtlai မြို့အနီးတွင် ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲကို အသိပေးတိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များသည် အဆိုပါလူသတ်မှုနှင့်ပတ်သက်ပြီး ဇန်နဝါရီ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံသားလေးဦးကို ဖမ်းဆီးရမိခဲ့က အချုပ်ထောင်ကို ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ကျောင်းသားအဖွဲ့စည်းတစ်ခုဖြစ်သော Mizo Zirlai Pawl (MZP)အဖွဲ့က လူသတ်မှုကျူးလွန်ခဲ့သူများသည် မြန်မာနိုင်ငံရခိုင်ပြည်နယ်မှဖြစ်ပြီး ရခိုင်လက်နက်ကိုင်အဖွဲ့ နှင့် ဆက်နွယ်နေသူများဖြစ်သလို မီဇိုရမ်ပြည်နယ်အတွင်းနေထိုင်သည့် နေရပ်စွန့်ခွာသူများမဟုတ်ဘဲ ပြည်နယ်အတွင်း အရောင်းအဝယ်လာလုပ်သော စီးပွားရေးသမားများဖြစ်ကြောင်း စွပ်စွဲပြောဆိုထားသည်။

Ref .timesnownews

Leave a Reply

Your email address will not be published. Required fields are marked *