October 18, 2024

၂၈. ၁. ၂၀၂၄
Written By Thandar

နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ မေမြင့်မိုရ်ရဲ့ ကိုယ်ပိုင် Brand ဖြစ်တဲ့ Rejuvenus အလှကုန်နဲ့ နန်းစုရတီစိုးရဲ့ ကိုယ်ပိုင် Brand ကုန်ပစ္စည်းသစ် Life’ Fiber မိတ်ဆက်ပွဲကို ဇန်နဝါရီ ၂၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ Time City Outdoor Area မှာ ကျင်းပခဲ့ပါတယ်။

“နန်းဆုရဲ့ Product အသစ် Fiber လေးကို ဘာကြောင့်ထုတ်ဖြစ်သွားလဲဆိုတော့ နန်းဆုကိုယ်တိုင်ကြုံတွေ့ရတဲ့ နန်းဆု ဝမ်းချုပ်တတ်တဲ့ ပြဿနာကြောင့်ပါပဲ။ တစ်ခါ တလေ အလုပ်တွေ အရမ်းများပြီး နန်းဆု ဝမ်းချုပ်တဲ့ကြားထဲက နယ်ဘက်မှာ Shooting ခဏခဏသွားဖြစ်တော့ တစ်နေ့ကို ကားပေါ်မှာပဲ ၇ နာရီ ၈ နာရီလောက်ထိထိုင်ရ ဗိုက်ခေါက်တွေလည်းထွက်လာတယ်။ GYM လည်းမသွားဖြစ်ဘူးဆိုတော့ ဝိတ်လည်းတက်လာတယ်။ နန်းဆု ကိုယ့်အတွက်အဆင်ပြေတာပို့ ချစ်ရတဲ့ပရိသတ်အတွက် ဒီထုတ်ကုန်လေးမိတ်ဆက်ဖြစ်တာပါ”လို့ အဆိုတော် သရုပ်ဆောင် နန်းစုရတီစိုးက ပြောပါတယ်။

အဆိုပါ အခမ်းအနားကိုတော့ အနုပညာရှင်တွေဖြစ်တဲ့ တေဇလင်းရောင် ၊ ဖြိုးရာဇာနိုင် ၊ မျိုးကိုကျော် ၊ အဆိုတော်သရုပ်ဆောင် ဝိုင်းစုခိုင်သိန်း ၊ သရုပ်ဆောင်ဟန်တီ ၊ တေးသံရှင် စုလှိုင် ၊ Makeup Artist လင်းလင်း ၊ Blush အဖွဲ့ဝင်တွေ စတဲ့သူတွေတက်ရောက်ခဲ့ကြပြီး တေးသီချင်းတွေ သီဆိုဖျော်ဖြေကာ ဂိမ်းတွေဆော့ကစားခဲ့ကြပါတယ်။

“မေလေးက ပုံမှန်ဆိုရင် အလှအပအရမ်းကြိုက်တဲ့အထဲမှာပါတယ်ဆိုတော့ Product ထုတ်ဖို့ စိတ်ကူးမိပါတယ်။ ဆရာဂျွန်လွင်နဲ့ အလှကုန်ပစ္စည်းထုတ်ဖို့ Revomed စက်ရုံက CEO နဲ့ မိတ်ဆက်ပေးတယ်။ မေလေး စမ်းသုံးကြည့်လိုက်တော့ မေထင်ထားတာထက် ခရမ်သားလေးတွေကအစ အေးအေးလေးနဲ့ အရေပြားလေးထဲ စိမ့်ဝင်တာမြန်ပြီး အခြောက်လည်းမြန်တယ်ပေါ့နော်။ မေလေးက Shooting တွေဆက်တိုက်သွားနေရတော့ မိတ်ကပ်တွေလည်း အမြဲတမ်းလိမ်းရတော့ Skin တွေ အရမ်းပျက်စီးတဲ့အထဲမှာပါပါတယ်။ ဒါကြောင့် ဒီ Rejuvenjus skincare လေးကို စတင်ထုတ်လုပ်ဖြစ်ခဲ့တာပါ”လို့ သရုပ်‌ဆောင် မေမြင့်မိုရ်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *