October 18, 2024

၂၈. ၁. ၂၀၂၄
Written by Hey Mar

ဆိုင်ကယ်နဲ့ ၁၂ဘီးကား မျက်နှာချင်းဆိုင်ဝင်တိုက်ရာက ဆိုင်ကယ်စီးနင်းလာသူ မိသားစု သုံးဦး သေဆုံးခဲ့တဲ့ဖြစ်စဥ် ဇန်နဝါရီ ၂၇ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ နေပြည်တော်အခြေစိုက် ကရုဏာရှင်လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ဖြစ်စဥ်မှာ နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ရန်ကုန် မန္တလေးလမ်းဟောင်း ရင်ခွဲပင်ကျေးရွာ သတင်းစာတိုက်အနီးမှာ ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးဖြစ်စဥ်နေရာမှာတင် ကွယ်လွန်ခဲ့ကာ ကလေးငယ်ကလည်း ဆေးရုံတင်ပို့စဥ် လမ်းမှာ သေဆုံးတယ်လို့ သိရပါတယ်။

“အပေါ်ကြောက မောင်းရင်း မျက်နှာချင်းဆိုင် ၁၂ ဘီးယာဥ်နဲ့ တိုက်မိတာပါ။ သေဆုံးသူတွေက အသက် ၃၀ ကျော်လောက်တွေပဲ ရှိဦးမယ်။ ကလေးက မိန်းကလေးပါ ၅နှစ်ဝန်းကျင်လောက်ပါပဲ။ မိသားစုလည်းဆက်သွယ်နေပါတယ်”လို့ ကရုဏာရှင် လူမှုကူညီရေးအသင်းတာဝန်ရှိသူက MT Newsကိုပြောပါတယ်။

သက်ဆိုင်ရာတာဝန်ရှိသူတွေ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နိူင်ဖို့ ကရုဏာရှင်လူမှူကူညီရေးပရဟိတအသင်းက သေဆုံးသူတွေကို ပြည်သူ့ဆေးရုံကြီးကုတင် (၁၀၀၀) ကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *