October 18, 2024

၂၇. ၁. ၂၀၂၄
Written By Thandar

ကိုတင်ဖေ ကာရိုက်တာနဲ့ ပရိသတ်အားပေးမှုရရှိထားတဲ့ သရုပ်ဆောင် အောင်ရေချမ်းနဲ့ ချစ်သူ ခိုင်မာဝင်း (ရွှေစည်တော်ရုပ်ရှင် ထုတ်လုပ်သူ ၊ Look Media Founder) တို့ရဲ့ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲနဲ့ ညစာစားပွဲကိုတော့ ဇန်နဝါရီ ၂၇ ရက် ညနေ ၅နာရီက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ဦးထွန်းငြိမ်းလမ်းရှိ White Swan Restaurant မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

“ချစ်ရတဲ့ သူနှစ်ဦး ရာသက်ပန် အိုအောင်မင်းအောင်ပေါင်းရပါစေ အကိုနဲ့အမ ” လို့ သရုပ်ဆောင် ကျော်ထက်ဇော်က ဆုမွန်ကောင်းတောင်းပေးထားပါတယ်။

အဆိုပါ မင်္ဂလာပွဲမှာတော့ သရုပ်ဆောင် ကျော်ထက်အောင်က အခမ်းအနားမှူးအနေနဲ့ ပါဝင်ခဲ့ပြီး သရုပ် ဆောင်တွေဖြစ်တဲ့ စည်သူဝင်း ၊ ကျော်ထက်ဇော် ၊ ရတနာဗိုလ် ၊ ရွှေသမီး ၊ သဇင်ထူးမြင့် စတဲ့သူတွေ သတိုးသား သတိုးသမီးအရံအနေနဲ့ ပါဝင်ခဲ့ကြပါတယ်။

ဒ့ါအပြင် အနုပညာလောကထဲက အဆိုတော် သရုပ်ဆောင် အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင် ၊ နေမျိုးအောင် ၊ ဒါရိုက်တာမောင်သီ ၊ မင်းတော်ဝင် ၊ ‌ဖူးစုံ ၊ မိုးပြည့်ပြည့်မောင် ၊ ငွေတီဦး ၊ နန်းခင်မွှေး ၊ Makeup Artist သုသု ၊ သဲနော်ဇာ စတဲ့ သူတွေ တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *